ရန်ကုန်မြို့ ကားလမ်းပိတ်ခြင်းက ရန်ကုန်မြို့နေ မြို့သူမြို့သားတို့ နေ့စဉ်ကြုံတွေ့နေကျ နေ့စဉ်ဓူဝ ဒုက္ခတစ်ခု။ ပိုင်စီး မနက်ခင်း ရုံးကို လာသည့်လမ်းမှာ ရွေ့လို့ရသမျှ ကားဘီးကို တစ်လိမ့်ခြင်း လိမ့်နေရသည်။
ဒီလို တလိမ့်ချင်းလိမ့်နေရသည့် ကားပိတ်ပုံမျိုးနဲ့ ကားမှာ ဘီးလေးဘီးပါတာ နှမြောလိုက်တာ။
ကားတစ်စီးနှင့်တစ်စီးကြား နေရာမဟလိုက်နဲ့, ဟလိုက်တာနဲ့ အတင်းခေါင်းထိုးဝင်တဲ့ ကားများ၊ တစ်ဖက်ကမပေးချင်မှန်းသိသိရက်နဲ့ အားမနာတမ်း ပြတင်းပေါက်က ခေါင်းပြူ ၊ လက်ညှိုးတစ်ချောင်းထောင် ကိုယ်တော်များ၏ နေရာကို ဖြတ်ခုတ်ယူသော ကားများ။
မနက်ခင်းတိုင်း ကြုံတွေ့နေကျ ဒုက္ခဖြစ်ပေမဲ့ ပိုင်စီးအတွက် နေ့စဉ် စိတ်ပျက်ခြင်းက လျှော့ကျမသွား။ ကားသံစက်သံများကြား ရှုပ်ထွေးသော လမ်းဆုံမှာ မီးပွိုင့်စိမ်းတာ စောင့်ရင်း စိတ်ညစ်ညူးလာသည်။
""မိုး စက် တင် လေ ...""
နှုတ်ဖျားက သီဆိုမိသော သီချင်း။ ကိုယ့်ပါးစပ်က ဘာထွက်သွားမှန်း ကိုယ့်ကိုယ်ကို သတိထားမိမှ လျှာကို ခပ်ဆက်ဆက် ကိုက်လိုက်သည်။
""မိုးရွာတာလည်း မဟုတ်ပဲ တစ်ချိန်လုံး အဲ့စာသားက ဘာလို့ ပါးစပ်ထဲ စွဲနေတာလဲ""
သာလွန်းလှသော နေမင်းကြီးကို တစ်ချက်လှမ်းကြည့်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်သည်။
ထိုညက ကောင်လေး မိုးစက်တင်လေကို ဆိုညည်းတာ ကြားပြီးထဲက ပိုင်စီးကိုယ်တိုင် မသိပဲ သူ့အလိုလို ပါးစပ်က မိုးစက်တင်လေကို ဆိုညည်းတတ်နေသည်။
မ , ဆို ပိုင်စီးကို ရယ်လိုက်တာ။
""မောင်က ဒိတ်အောက်အောက် သီချင်းတွေကို ညည်းတတ်တာပဲလား"" တဲ့
ကိုယ့်ကိုယ်ကို အလိုမကျဖြစ်နေစဉ် အပြင်က ကားမှန်ကို တဒေါက်ဒေါက်ခေါက်သံ ...
ဒီဈေးသည်တွေက တမှောက် ...
ပိုင်စီးအော်လွှတ်ရန် ဘေးမှန်ကို ခေါင်းစောင်းကြည့်သော် ...
YOU ARE READING
အတိတ်တစ်ခု၏ ခြေရာကောက်ကြောင်း
RomanceThis story book presented by Zawgyi & UNICODE. #Zawgyi သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ #UNICODE သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ Cover Design By @Gin_hotarubi