ဒါ​ပေမယ့်​လည်း ချစ်​သူ​အောင်​ဆိုတာက မတရားတာမှန်သမျှ လက်​​ပိုက်​ကြည့်​မ​နေနိုင်​ဘူး။ ကိုယ့်​စားရိတ်​နဲ့ကိုယ်​ ဝင်​ပါမယ်​ ဆိုတဲ့လူမျိုး​လေ။ ဒီလိုလူက ကိုယ့်​ဘေးနားက သူ​ငယ်​ချင်းအရင်းကြီး လှည့်​စားခံ​နေရတာကို ထိုင်​ကြည့်​​နေမယ်​ ထင်​သလား 😡 ​ဝေးပါ​သေးတယ်​။

မင်းပဲ လှည့်​စားနိုင်​မလား ငါပဲ လှည့်​စားနိုင်​မလား ကြည့်​ကြ​သေးတာ​ပေါ့။ မင်း​ဆောက်​ထားတဲ့ အတုအ​ယောင်​တံတိုင်းကြီးကို ငါဖြိုပစ်​မယ်​.....

(ကျန်း မျက်မှန်​​လေးပင့်ပြီးေ​​​လကြီး​လေကျယ်​​​လျှောက်​တွေးနေတဲ့ ချစ်​သူ​အောင်​​လေး။ ပြီး​​မှ ​ပေါက်​ကရ​တွေ ​လျှောက်​လုပ်​မှာကို မသိရင်​ခက်​မယ်​ 😝)

လင်းသူလည်း စာဖတ်​ပြီးသွား​ရော ချစ်​သူ​အောင်​က ​ဘေးနားလာထိုင်​တယ်​။ ခုရက်​ပိုင်း ချစ်​သူ​အောင်​က အရင်​လို သူ့နားလာထိုင်​ပြီး တွတ်​ထိုးမ​နေလို့ လင်းသူ ရုံးမှာ အထီးကျန်​သလို​တောင်​ ခံစား​နေရတာ။

" အဆင်​​ပြေသွားပြီလား....စိတ်​အ​ခြေအ​နေ"

" အင်းးး ​ပြေပါတယ်​ " " ​ထွေးက သူ့သူငယ်​ချင်း​တွေဆို အ​လျော့​ပေး​နေကြမို့ ဒီလိုဖြစ်​သွားတာပါ"

" ဟုတ်​လား..... အဲ​တော့ သူက ဘာ​ပြော​သေးလဲ"

" သူ့​ဘော်​ဒါ​တွေကတော့ ငါ့ကို သူတို့ထက်​ပိုခင်​သွားမှာ စိုးလို့ပါတဲ့ "

" ​ဒါ​ပေမယ့်​ သူတို့နဲ့ မင်းနဲ့ အ​ခြေအ​နေချင်း တူလို့လား "

" ဘာကိုလဲ" ဆိုပြီး လန့်​သွားတဲ့ပုံနဲ့

" ငါနားလည်​ပါတယ်​... သူငယ်ချင်းထက်ပိုတဲ့ ​​​မင်းတို့နှစ်​​ယောက်​ကြားထဲက သံ​ယောဇဉ်​ကို... "

စိတ်​ထဲက​တော့ ဘာသံ​ယောဇဉ်​လည်း... ဟိုက လိုသုံးလုပ်​​နေတာကို ဟွန်း...

လင်းသူ ဘာမှမ​ပြောပဲ ငြိမ်​​နေ​တော့

"ဘာလို့လဲ မင်း​ကငါ့ကို လျို့ဝှက်​ထားချင်​တာလား...​နေပြည်​​တော်​သွားတုန်းကလိုမျိုး​လေ" ​ပြောလိုက်​​တော့

You Are The Other Half Of MeWhere stories live. Discover now