"ဒါကော "

"ဒါကကြတော့ သူနဲ့ယှဉ်လိုက်ရင် ငါကကလေးရုပ်ဖြစ်သွားမှာ"

"ဒါကြတော့ နည်းနည်းရင့်ကျတ်သွားပြီ "

"ဒါလေးမဆိုးဘူး"

္က
ခဏနေတော့ ချန်းယောလ်ဖုန်းဆက်လာတာကြောင့်
အိမ်ရှေ့ထွက်ကြည့်မိတော့ အမှန်တကယ်ပင်
ချန်းယောလ်ရောက်နေ၏။
သူနဲ့ယှဉ်တော့ ကိုယ်က ကလေးကြနေတာပဲ ။
ဒီနေ့ကြမှသူ့ဆံပင်တွေက ဘာဖြစ်နေတာတုန်း :/
သူ့ဆံပင်တွေကသာမာန်ပါပဲလေ။
သာမာန်မဖြစ်တာက ကျွန်တော် ။

" တကယ့် ကလေးရုပ်လေး ။"

"ဘာကလေးတုန်း"

ကလေးရုပ်ပေါက်မှာစိုးလို့တောင် အင်းကျီကို
သေချာရွေးလာတာကို သူက ကလေးဆိုတော့။

"အင်းပါ ကလေးမဟုတ်ဘူးဆိုတာ နောက်မှသက်သေပြ ။ အခုတော့တက်လေ ! "

ကားတံခါးကိုဖွင့်ပြီးအထဲဝင်ဖို့မျက်လုံးနဲ့အမိန့်ပေးနေတဲ့ပုံက စပ်ဖြီးဖြီးနဲ့ ။

"ခါးပတ် ကို မင်းမပတ်နဲ့ ! "

ကိုယ့်ဟာကိုယ်ခါးပတ် ပတ်ဖို့လုပ်နေတာကို
လာတားတာကြောင့် ဘာလို့လဲဆိုသည့်မျက်လုံးနဲ့
ပြန်ကြည့်တော့ သူက အနားကိုငုံ့တိုးလာသည်။

"အသားယူမလို့ လေ !"

ပိုပိုပြီးနီးကပ်လာတဲ့သူကြောင့် နေရထိုင်ရခက်လာတာကို
သူက အဲ့လိုပြောလိုက်တော့ ပိုပြီးနေရထိုင်ရခက်လာ၏။

"ဖယ် ဖယ်တော့လေ "

တော်ရုံနဲ့မဖယ်ပဲ စိုက်ကြည့်နေသေးသည့်သူ့ကြောင့်
အသက်ရှုကျပ်လာသလိုလို။

"ငါ မင်း ကို နမ်း လို့ ရ နေ ပြီ မ လား BaekHyun"

" အမ် ဘာ မှ မ ဆိုင် "

ကျွန်တော့် နှုတ်ခမ်းကိုထိရုံသာထိပြီး ပြန်ခွာသွားသည့် သူူ၏နှုတ်ခမ်းကြောင့် စိတ်ထဲပုရွက်ဆိတ်အကောင်တစ်ရာလောက်ဖြတ်ပြေးသွားသလိုမျိုး။ ဒါကိုသူက အနီးကပ်ကြီးပါလာပြုံးပြနေတော့
သူ့ပါးချိုင့်တစ်ဖက်အထင်းသား။

Dating With A GangsterWhere stories live. Discover now