" ဝုန်း "

" အ့ "

" ဝါး ဟား ဟား "

( ရယ်သံဖြစ်သည်။ သရဲခြောက်သံရော ..
ရေခဲချောင်းနာမည်ရော မဟုတ်ပါ :3 )

ဘယ်အချိန်တည်းက ထိုင်ခုံကိုချိူ းထားလဲမသိ။ ..
ကျွန်တော်ဝင်ထိုင်လိုက်တော့ ကျိူ းသွားပြီး ကျွန်တော့်ကိုယ်က မြေပြင်ပေါ်မှာ ဖုန်တွေနှင့်လှနေသည်။ ..
အဲ့တာကြောင့်ငြိမ်နေတယ်မှတ်တာ -.-

ကြမ်းပြင်ကနေ ထလိုက်ပြီး ကျောင်းအင်္ကျ ီကဖုန်တွေဘာတွေခါလိုက်သည်။

ကျောင်းစတိုခန်းမှာခုံအသစ်တွေရှိမလားမသိ ။
ရယ်နေတဲ့လူတွေကို ဘာမှမပြောတော့ပဲ ကျောင်းအပေါက်ဝနားက ကျောင်းစတိုခန်းသို့သာထွက်လာခဲ့လိုက်သည်။ ..

" ကျောင်းသားလေး ဒီကိုဘာကိစ္စနဲ့ ? "

ကျောင်းစတိုခန်းနားရောက်တော့ ကျောင်းစောင့်ဖြစ်ဟန်တူသည့်ဦးလေးကြီးတစ်ယောက်ကလာမေးသည်။ ..

" ကျွန်တော့်ထိုင်ခုံကျိူ းသွားလို့ Arjushi ဒီမှာ ခုံအသစ်များရှိလားလို့ .. "

" အတော်ပဲကျောင်းသားလေးရဲ့ .. နှစ်ဝက်မှကျောင်းပြောင်းလာတဲ့သူတွေရှိလို့ ကျောင်းအုပ်ကြီးထိုင်ခုံအသစ်တွေမှာထားတာ မနေ့ကရောက်တယ် .. အပိုတွေရှိတယ် .. ဝင်ယူသွားလိုက်လေ "

" Nae Arjushi .. "

စတိုခန်းထဲဝင်သွားလိုက်တော့ အခန်းထောင့်မှာတန်းစီထားထားသော ထိုင်ခုံအသစ်တွေ .. ထိုအထဲမှထိုင်ခုံသစ်တစ်လုံးယူခဲ့လိုက်ကာ အပြင်ပြန်ထွက်လာလိုက်သည်။

ကျွန်တော်တို့လိုအထက်တန်းဒုတိယနှစ်တွေ၏အဆောင်က ဒုတိယထပ်တွင်ဖြစ်သည်မို့ လှေကားအများကြီးကိုဒီထိုင်ခုံယူကာတက်ရဦးမည်ဖြစ်သည်။ ..

ထိုင်ခုံက ကျွန်တော့်အားနှင့်မမျှစွာအနည်းငယ်လေးနေသည်မို့ လှေကားတက်ရာတွင် မနဲမြှောက်ကာ တက်နေရသည်။ ..

မောပန်းမှုကြောင့် နားသယ်စပ်တွင်ချွေးအနည်းငယ်စို့လာပြီဖြစ်သည် ..။

" အီး .. ယား "

" မောလိုက်တာ ဟင်း "

" နောက်နည်းနည်းပဲလိုတော့တယ် Fighting "

Dating With A GangsterWhere stories live. Discover now