Zawgyi
*ကြွေ*
ချစ်တိုင်းလဲ မညား ဆိုတော့ စကားကို လက်တွေ့မကြုံရဖူးသည်အထိ ကျနော် မယုံကြည်ခဲ့ပါဘူး...
သခင် နဲ့ ကျနော့် ရဲ့ အခြေအနေကတော့ အရင်လိုမျိုး မဟုတ်တော့...ခုဆို သခင် က ကျနော့်မှမနိုးရင် အိပ်ယာကတောင် မထတတ်တော့ဘူးဆိုပဲ...
ပြောရင်းဆိုရင်းနဲ့ အိပ်ယာထဲက လွန့်လူးနေတဲ့ သခင်ကို ကြည့်နေမိတယ်...
ချစ်စရာကောင်းလိုက်တာ သခင့်ကိုပိုင်ဆိုင်ခွင့်ရတာဟာ
ကြယ်တပွင့်ကြွေကျလာတာကို ကြည့်နေရတာထက်
ကံကောင်းတယ်..."သခင်လေး...ထတော့...သခင်လေး.."
"အွန်း...."
မထသေးပဲ လှိမ့်နေတဲ့ ပိစိကိုအသည်းယားလာတာနဲ့
ကလိထိုးပေးလိုက်တော့မှ တွန့်လိမ်ပြီး ထလာတယ်။"Yahhhh....အရူးကြီး...ယားတယ် ဘလိုဖြစ်နေတာလဲ..."
ချစ်စဖွယ်နှုတ်ခမ်းလေးကဆူနေတော့ ပတ်ချန်းတို့မခံနိုင်တော့ပါ...
"ချစ်လိုက်တာ သခင်ရယ် အသည်းတေယားလာပြီ
နမ်းမိတော့မာဘဲ...""သွား...မင်းနော်... အခွင့်ရေးပေးလိုက်ပြီးတည်းက လူကို မထိတထိတွေအမြဲလုပ်တယ်.."
လက်သေးသေးလေးနဲ့ ရင်ဘတ်ကိုတွန်းထုတ်နေတော့
နူးညံ့လွန်းတဲ့ သခင်ကို ဖက်ထားလိုက်မိတယ်..."သခင်...."
"မခေါ်နဲ့.."
"အဲ့တာဆိုဘလိုခေါ်ရမလဲ..."
မျက်လုံးလေးကိုပေကလပ်ပေကလပ်နဲ့ စဉ်းစားဟန်ပြု ပြီးမှ
"Hyunee" လို့ခေါ်တဲ့လေ..
"Hyunee...ချစ်တယ်သိလား..."
"ဟွင့် ဒါဘဲပြောနေတယ်.."
"Hyunee ကောချစ်လား..."
"အင်း..အရမ်းချစ်တယ်..."
"အရင်ကလိုမမုန်းတော့ဖူးလား..."