ကြွေ (​၁)

8.8K 538 31
                                    

Zawgyi

*​ကြွေ*

#မင်းမ​ခြွေခင်​တည်းက
ငါဟာ​ကြွေ​နေပီးသားပါ#

မနက်​မိုးလင်းတာနဲ့ကျ​နော်​လုပ်​​​နေကျ
အလုပ်​​များထဲမှတခု.....
ချစ်​ရပါ​သောမင်းသား​လေး
ကျောင်းသွား​တော့မယ်​​လေ....
ကျ​​တော့်​အိမ်​ကပြတင်း​ပေါက်​​လေးက
အမြဲ​​ချောင်းကြည့်​​နေစမြဲ......

"​ဟော....သူ့ကား​လေးလာပြီ!!"

ကျ​နော်​ပါးစပ်​က​နေ​တောင်​​ပြောမိတယ်
ဒါ​နေ့တိုင်းလုပ်​​နေကျအလုပ်​ပါ
သူ့ကို​စော​စောစီးစီးမြင်​ရပီး
ှကျ​နော်​​ကျောင်းသွားတာ.....
သူရဲ့အိမ်​​ကြီးကချမ်းသာတဲ့ရပ်​ကွက်​က
ခြံဝန်းကျယ်​ကြီးနဲ့​ပေါ့...
ကျ​နော်​က​တော့လမ်းထိပ်​က
ဆင်းရဲသားရပ်​ကွက်​ကအိမ်​စုတ်​​လေးထဲက​နေ
သူ့ကိုအမြဲ​မျှော်​ကြည့်​​နေရတဲ့
ဆင်းရဲသား​လေးတ​ယောက်​ပါဘဲ..
မွေးကတည်းအ​ဖေမ​ပေါ်အ​မေမ​ပေါ်နဲ့
အရွယ်​နည်းနည်းကြီးလာ​တော့
့အဘွားတ​ယောက်​​စောင့်​​ရှောက်​ထားရင်း
အဘွားဆူံးသွား​တော့ကိုယ့်​ဘဝကိုရုန်းကန်​​နေရတာ...

တကယ်​ဆို​ရင်​အချစ်​အတွက်
ကျ​နော့်​မှာအချိန်​မရှိပါဘူး.....
ကျ​နော်​နဲ့အဆင့်​မတူတဲ့သူ့ကိုမှ
ဘာလို့စွဲလန်း​နေမိတာလဲဗျာ..

ကျ​နော်​​ကျောင်းဆိုလည်း​အမြဲ​နောက်​ကျပါတယ်
နောက်​ကျမှာ​ပေါ့...
မင်းသား​လေးကိုကြည့်​ပီးမှကျ​နော်
ကျောင်းသွားတတ်​တာအကျင့်​တခု...
သူက​တော့ကျ​နော့်​ကိုသိမယ်​မထင်​..
သိ​ကောင်းသိပါလိမ့်​မယ်
ကျောင်းကန်​တင်းက စားပွဲထိုးအဖြစ်​...
ဒါမှမဟူတ်​လည်း
သနားစရာမျက်​လုံး​တွေနဲ့သူ့က
ို​ငေးကြည့်​​နေတတ်​တဲ့သတ္တဝါတ​ကောင်​အဖြစ်​​ပေါ့.......

ဒီ​နေ့လည်းထုံးစံအတိုင်း​နောက်​ကျပီ
ကျောင်းထဲကအမှိုက်​​တွေ​ကောက်​ရ​တော့မယ်
tsk....အမြဲလုပ်​​နေကျဘဲ...

ကျောင်း​ခေါင်း​လောင်းထိုးပီးမှ
ရောက်​သွား​တော့ အဝက
တာဝန်​ကျဆရာကကျ​နော့်​ကိုဆူပူပီး
အပြစ်​​ပေး​တော့တာဘဲ....
ကျ​တော်​အမှိုက်​​ကောက်​ပီးတကိုယ်​လုံး
ညောင်းညာလာ​တော့
မြက်​ခင်း​ပေါ်လှဲချမိရင်း မျက်​လုံးက 
ကျောင်း​ဆောင်​အ​ပေါ်ထပ်​ဆီက
ဖြူဖြူ​လွင့်​လွင့်​​လေးတခုဆီသို့​ရောက်​သွားစဉ်

*ကြွေ*Where stories live. Discover now