ကြွေ(၇)

3.3K 269 10
                                    

Zawgyi

*​ကြွေ*

"ဒီ​နေ့သခင်​​လေးအိမ်​ဘက်​ကိုလာစရာမလိုဘူးတဲ့"

အ​ဒေါ်ကြီးစကားအဆုံး​ခေါင်းငိုက်​စိုက်​ကျလာတဲ့လူကကျ​နော်​ရယ်​ပါ။
ဘယ်​​လောက်​ဘဲဒဏ်​ရာရ​နေ​နေ သူ့အနားအမြဲရှိ​နေရင်​အဲ့ဒဏ်​ရာသက်​သာသွားတယ်​ထင်​မိတယ်​။

"Waeyo? အ​ဒေါ်ကြီး.."

မျက်​နှာငယ်​ဆိုမိ​တော့ အ​ဒေါ်ကြီးက အပြစ်​တင်​​လေရဲ့...

"Chanyeol​လေးရယ်​ဒီ​လောက်​ဒဏ်​ရာ​တွေရပြီးလမ်း​လျှောက်​​လို့မရတာ​တောင်​မှအိမ်​မကြီးဘက်​ကိုဘာသွားလူပ်​ချင်​​သေးတာတုန်း..ကိုယ့်​ဖာသာဒဏ်​ရာရ​အောင်​​ဆော့တုန်းက​ဆော့ထားပြီး​တော့"

မသိဘူးသူ့ကိုမ​တွေ့ရမှ​ရောဂါကပိုရင့်​တာ..

"ဒါ​ပေမဲ့..သခင်​​လေးအလုပ်​​တွေဘယ်​သူလူပ်​​ပေးမှာလဲ..."

"ဝန်းထဲမှ အလုပ်​သမား​တွေ အများကြီးပါကွယ်​..ကဲ..ငြိမ်​ငြိမ်​နား​တော့....ခဏ​နေဆရာဝန်​က​ဆေး​တွေလာစည်း​ပေးလိမ့်​မယ်​...."

အံ့သြသွားသူကကျ​နော်​ရယ်​ပါ။

"ကျ​နော်​ဆရာဝန်​မ​ခေါ်ထားပါဘူး.."

"Baekက​လေး က ​ခေါ်​ပေးခိုင်းလို့တဲ့​လေ"ဆိုပီးအ​ဒေါ်ကြီး​ပြောပြီးထွက်​သွားချိန်​အထိ ကျ​နော်​ဟာ အ​ပျော်​လွန်​တုန်း...

သခင်​ဟာ​လေဒဏ်​ရာ​ပေးလိုက်
ဆေး​ပေးလိုက်​...
ဒါနဲ့မ​နေ့က သခင်​​ကော ဘာများထိခိုက်​မိသွား​သေးလဲ မသိပါဘူး
စက်​ဘီး နင်းရ​တော့​ခြေ​ထောက်​​တွေများ​ညောင်း​နေမလား။
ရေ​နွေးမစိမ်းရတဲ့​ခြေ​ထောက်​​လေး​တွေ​အ​ကြောမ​ပြေဘဲရှိ​နေမလားဆိုပြီး​တွေးရင်း
ကိုယ့်​​ခြေ​ထောက်​ကိုယ်​ကြည့်​မိ​တော့
ခြေ​ထောက်​​ပေါ်က ဒဏ်​ရာပရပွက​လှောင်​ရယ်​​နေ​လေရဲ့....

ကိုယ်​ဟာ​လေ ကိုယ့်​အသက်​ထက်
မင်းမျက်​နှာညှိုးမှာစိုးရိမ်​သူမျိုးပါ။

"Chanyeol shi ​ဆေးစည်း​ပြီးသွားရင်​ငြိမ်​ငြိမ်​​နေအူံး​နော်​...​ဆေးကအနာကျက်​မြန်​​တော့မနက်​ဖြန်​​လောက်​ဆိုကျက်​ပါပြီ...."

*ကြွေ*Kde žijí příběhy. Začni objevovat