အပိုင်း (၁၄)

Start from the beginning
                                    

ထိုသို့ ပြောရင်း Kyung Soo နှုတ်ခမ်း ကို သူ့ နှုတ်ခမ်း ထူထူ တွေ နဲ့ ဖိကာ နမ်း ရင်း လက် အစုံ ကလည်း Kyung Soo နောက်ကျော ကို ပွတ်သပ် နေရာ ကနေ လက်တွေ က အောက်နား လျောလာတာ ကို ခံစား ရလေတော့ Kyung Soo တစ်ယောက် ရုန်းလိုက်ရင်း

~ ဒါ ဒါဆိုလည်း ဘွားဆီ ဖုန်းဆက်မယ်

~ Wae??? ကိုယ် က အိမ်ကို သေချာ လွှတ်လိုက် ပါတယ် ပါလာ မှာ စိတ်ချ

သေချင် တာပါဘဲ လူမနေသည့် အိမ်ကို လွှတ်တော့ ဘယ်သူက လိုက်လာ မည် တုန်း လောက ကြီး မှာ မရှိ သည့် အဘွား က ဘယ်ကနေ ဘယ်လို လုပ် ရောက်လာ နိုင် ပါ့ မလဲ တော်ကြာ စောင့်ကြည့်လို့ လူ မနေဘူး သာ သိလျင် Do Kyung Soo တို့ ဒီနေရာတင် လူမသိ သူမသိ ဘဝ ပြောင်း သွား ကာ Mission ကျသွား နိုင် သည်

~ ဒါ ဒါပေမယ့် ဘွား က Church ကျောင်းလည်း သွားတတ်တယ် တခါတလေ အကြာ ကြီး အလည် ထွက်နေတာ

~ အဘွား က တစ်ယောက်တည်း

~ အင်း အဲဒါကြောင့် ဖုန်း ကြို ဆက် ထား မယ်လေနော်

Kyung Soo ဆူနေ သည့် နှုတ်ခမ်းအား ပိုဆူ အောင် လုပ်ကာပြောလေတော့ Leader Kim က သူ့ နှုတ်ခမ်း အား ဆွဲ ချ လိုက်လေသည်

နာနေသော်ငြား မျက်နှာ ကတော့ ပြုံး ထား ရတာ ပင်

~ Ok ဆက်လေ Princess !!!!!!

LeaderKim ဆီက ဒိတ်အောက် နေပြီ ဖြစ်သော ခလုတ် ဖုန်း ရလေတော့ Kyung Soo သူ Luhan ဆီတိုက် ရိုက် ဆက် လိုက် သည်

~ ဟဲလို ဘွားလား ကျွန်တော်ပါ

ဖုန်း ကိုင်ကိုင် ချင်း တစ်ဖက် က ဘာမှ မပြောနိုင်အောင် သူက အရင် ဦးအောင် ပြောလိုက်တော့ Luhan တစ်ယောက် အဟင်း တွေ အဟမ်းတွေ ဖြစ်ကုန် လေသည်

~ အာ မြေးပြော

~ ဒီမှာလေ Leader Kim က ဘွား ကို ဒီမှာနေဖို့ ခေါ် ခေါ်ခိုင်း လိုက်ပြီတဲ့ အာ့ ဘွား မလိုက် ဘူး မလား

အသံ ကိုမြှင့်ကာ ပြောလိုက်တော့ Kyung Soo လက်ထဲ က ဖုန်းဆွဲ အလု ခံ လိုက် ရသည်

What??? Leader Kim က ဖုန်းပြောဖို့ကြံနေတယ် တကယ်သာ ပြော ဖြစ် သွားရင်တော့ ဟိုဘက်က အဖွဲ့တွေ အသံ လှိုင်း ကနေ တစ်ဆင့် တစ်ခုခု ရှာ နိုင်တော့ မည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now