အပိုင်း(၁၃)

Start from the beginning
                                    

Kyung Soo တွေး မနေတော့ ဘဲ အမြန်ပြေးကာ ထိုဘီဒို ထဲက စာရွက် စာတမ်းတွေ ကို မွှေ မိသည်

အောက်ဆုံး နားမှာတော့ Kyung Soo မျှော်လင့် နေတဲ့ အရာ ထွက်လာခဲ့သည်

အသည်း ပုံ နှုတ်ခမ်း ထက်က အပြုံး တစ်ခု နဲ့ အတူ မြေပုံ စာရွက် အား သေချာခေါက်ကာ Kyung Soo လုံခြုံအောင် သိမ်း လိုက် သည်

ပြီးတော့ လာလမ်း အတိုင်း Baekhyun ဆီ ပြန်သွား ကာ Baekhyun အား လက်မထောင် ပြလိုက်တော့ Baekhyun လည်း ပြုံး သွား ကာ သူထိန်းချုပ် ထား တဲ့ အခန်း ကနေ CCTV တွေကို နဂို အတိုင်း ပြန်ဖွင့် ပေးပြီး ၂ ယောက်သား ထွက် လာခဲ့ သည်

   နှစ်ယောက်လုံး ရဲ့ ရင်ထဲ ထပ်တူ ညီနေတာကတော့ လုံးဝ ပျော်ရွှင်မှု့ ကိုပင်

~~~~~~~~*******~~~~~~~~

~ Kyung Soo ဂရု စိုက်နော် Leader Kim ကပါးတယ်

~ အင်း မင်းရော ဘဲ

ထုံးစံ အတိုင်း လက်ဟန် နဲ့ စကား ပြောပြီး အခန်း ဆီ ပြန်လာခဲ့ သည် Kyung Soo က ကိုယ့် အခန်း ကို ပြန်လို့ မရသေး Kyung Soo ခိုးထား တဲ့ key တွဲ ကို နဂို နေရာပြန်ထား
မည် မဟုတ်ရင် ပြသနာ က ကြီးသည် မဟုတ်ပါလား

ခြေသံ လုံလုံနဲ့ Leader Kim အခန်း ထဲ ပြန်ဝင် လာတော့ Leader Kim က အခု ထိ မှောက်နေတုန်း

~ ဟူးးး တော်သေး တာပေါ့

လေပူ တစ်ချက် မှုတ်ထုတ်ကာ ခိုးထား တဲ့ Key လေး ပြန်ထား ဖို့ ထုတ်မယ့် အလုပ်

~ Princess!!!!!!

Leader Kim ရဲ့ ရှတတ ခေါ်လိုက် တဲ့ အသံ ကြောင့် Kyung Soo ကိုယ် ကြီး တောင့်တင်း သွား ရသည်

မျက်လုံး မပွင့် တပွင့် နဲ့ Kyung Soo အား စူး စိုက်ကြည့် နေသည့် Leader Kim အကြည့် တွေက ကျောချမ်း စရာ အတိ

ပျက်ယွင်း နေတဲ့ မျက်နှာ ထား ကို ပြင်ကာ ခပ်ယဲ့ယဲ့ ပြုံး လိုက်ရင်း

~ ဟို နိုး နိုး လာပြီလား

လေသံ က အစ ချက်ချင်း ပြောင်း ရတဲ့Kyung Soo ဘဝ

~ ကိုယ်မှောက် သွားတာဘဲ ဟက် ဒါနဲ့ ကိုယ် ဒီလို တစ်ခါ မှ မဖြစ် ဘူး ပါဘူး ဘာလို့ များ ပါလိမ့်

Kyung Soo ကို မေးသလိုလို သူ့ကိုယ်သူ ပြောသလိုလို နဲ့ ပြောလိုက်တဲ့ Leader Kim စကား ကြောင့် Kyung Soo ဦးနှောက် ကို အမြန် အလုပ်ပေး လိုက် ရသည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now