11.

3.9K 197 46
                                    

Sotus's True Story Between Moon & Sun

အပိုင်း ( ၁၁ )

Kongpob's POV

ကျွန်တော့်စီနီယာတွေကိုတောင် ကျွန်တော် မနှုတ်ဆက်ဘဲ သူတို့နားကထွက်လာခဲ့တယ် ။ P'နဲ့အတူနေရမယ့်အချိန်လေးမှာ ဒီလိုဖြစ်သွားလို့ စိတ်မကောင်းဘူး ။ ဒါပေမယ့် ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ရှိနေဦးမယ်ဆိုတာကို ကျွန်တော်သိတယ် ။ Maprangပေါ့...။ ကမ်းခြေကို လေ့လာရေးခရီးထွက်တည်းက P'ကို ဖွင့်ပြောခဲ့တာတဲ့ ။ ဒါပေမယ့် P'က ငြင်းခဲ့တယ် ။ အဲ့တုန်းက ကျွန်တော်ကိုယ်တိုင်ကလဲ P'ကို ဖွင့်မပြောရသေးဘူးလေ ။ တကယ်လို့ P'က သူ့ကိုရွေးချယ်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်သူတို့ကြား ဝင်စွက်ဖက်မှာမဟုတ်ပါဘူး ။ ဒါပေမယ့် အခုက P'က ကျွန်တော့်ရဲ့ ချစ်သူဖြစ်နေပြီလေ ။ သူ့စိတ်ကူးတွေ ရပ်သင့်နေပြီ ။ အခုချိန်ဆို သူစာသင်ခန်းထဲမှာနေမယ် ။ ကျွန်တော်သူ့ကို သူငယ်ချင်းလို့တောင် မသတ်မှတ်နိုင်တော့ဘူး ။ ကျွန်တော်ကကျောင်းမှာဆို Aim,Oak,Tew,Wad တို့နဲ့အတူ တွဲဖြစ်တယ် ။ Maprang ကတော့ May နဲ့ Prae တို့နဲ့အတူ တွဲတယ် ။ Praeက ခင်ဖို့ကောင်းတယ် ။ Mayကတော့ ကျွန်တော့်ကို သဘောကျဖူးတယ် ။ ကျွန်တော်သူ့ကို ငြင်းခဲ့တယ် ။ သူကလဲ အလျှော့ပေးခဲ့တယ် ။ ဒာပေမယ့် May နဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးကတော့ မေးပြောခေါ်ထူးလောက်ပါပဲ ။ ဒါပေမယ့် Maprangကျတော့ အဲ့လိုမဟုတ်ဘူး ။ ကျွန်တော်နဲ့ P'အကြောင်းကို ကြေညခဲ့တဲ့နေ့က သူလဲရှိနေခဲ့တယ် ။ သူလဲသိတယ် ။ ဒါပေမယ့် သူကကျွန်တော်တို့တွဲနေတာကို အာရုံထဲထားပုံတောင်မပေါ်ဘူး ။ မနေ့ညကလဲ Mailaiဆိုတဲ့တစ်ယောက်လာမရှုပ်ခင် ကျွန်တော်တစ်ယောက်လုံးရှိနေတာတောင် သူ P'ကို လိုက်ကပ်နေတာလေ ။ ဒီနေ့ Mailaiပြောတဲ့စကားအသွားအလာတွေကိုကြည့်တည်းက သူ့ရဲ့ နောက်ကွယ်မှာ Maprang ရှိနေမှန်း ကျွန်တော်ကောင်းကောင်းသိတယ် ။ ကျွန်တော်အတန်းထဲသွားလို့ သူ့ကိုမြင်ရင် အဲ့ဒါတွေစဉ်းစားမိပြီး ဒေါသက ပိုထွက်လာမှာသေချာတယ် ။ ကျွန်တော် သူနဲ့ တိုက်ရိုက်ဖြေရှင်းချင်တယ် ။ ဘယ်လိုလုပ်ရမလဲ စဉ်းစားမရကလဲ ဖြစ်နေတယ် ။ ဘယ်သူ့ကို အကြံဥာဏ်တောင်းရမလဲ စဉ်းစားနေရင်းကနေ ကျွန်တော် Aimကို ဖုန်းဆက်ခေါ်တယ် ။

You've reached the end of published parts.

⏰ Last updated: Jan 25, 2018 ⏰

Add this story to your Library to get notified about new parts!

Sotus's True Story Between Moon & Sun (MM Fanfic) Where stories live. Discover now