6.

1.9K 170 27
                                    

( ကဲ Arthit တို့ ပက်ပက်စက်စက် သဝန်တိုပါပြီနော် 😂😂 )

Arthit တစ်ယောက် တနေကုန် အလုပ်တွေ ရှုပ်နေတာနဲ့ Kongpobနဲ့ တွေ့ဖို့ချိန်းတော့ ည ၇ နာရီတောင်ကျော်နေပြီ ။ အခုတလော အလုပ်တွေရှုပ်နေတာနဲ့ Kongpob အခန်းမှာ သွားမနေဖြစ်တာတောင် ကြာနေပြီ ။ သူ ထိုင်စဉ်းစားနေတုန်း သူ့ဗိုက်က အသံတွေမြည်လာတယ် ။ သူ့ကိုသူ ပြုံးစိစိဖြစ်သွားတယ် ။ ပိုပြီး ရှက်သွားတာက Kongpob သူ့နောက်မှာ ရောက်နေလို့ပါပဲ ။ Kongpobက တခစ်ခစ်ရယ်ပြီး အနားကို လာတယ် ။

Kongpob - '' P' ထမင်းမစားရသေးဘူးလား? ကျွန်တော်တို့ တစ်ခုခုသွားစားကြမလား? "

Arthit - '' သွားမယ် ကျောင်းက စားသောက်ဆိုင်ကို ။ အဲ့မှာ Pink Milk ကျန်လောက်ဦးမယ် ထင်တယ် ။ ''

သူတို့ စားသောက်ဆိုင်ကို လမ်းလျှောက်လာရင်း Kongpobက Arthit လက်ကို လှမ်းလှမ်းကိုင်လေရဲ့ ။ Arthit ကတော့ ဖယ်ဖယ်ချနေတယ် ။ Kongpobကလဲ အလျှော့မပေးဘူး လစ်ရင်လစ်သလို ကိုင်တော့တာပါပဲ ။ အမှန်တိုင်းပြောရရင် Arthitလဲ သူ့လက်ကို ပြန်ကိုင်ချင်ပာတယ် ။ ဒါပေမယ့် သူအဲ့လို လက်တွဲပြီး လှောက်ဖို့ ရှက်နေလို့ပါ ။ ဒါပေမယ့်လျှောက်လာရင်း မှောင်နေတဲ့ လမ်းဘက်ရောက်တော့ Arthitလဲ အလျှော့ပေးပြီး နှစ်ယောက်အတူတူလက်တွဲပြီး လျှောက်လိုက်တယ် ။ ဒီလိုနဲ့ ဆိုင်နားရောက်လာတော့ Arthitက ရှက်လို့ လက်တွဲထားတာကို ဖြုတ်ပြီး ဆိုင်ထဲအရင်သွားတယ် ။ Kongpobလဲလိုက်သွားပြီး စားစရာတွေမှာလိုက်တယ် ။ သူတို့ စားစရာတွေမှာထားတုန်း သူတို့နားနဲ့ မနီးမဝေးလောက်က သူတို့ဆီလာနေတဲ့ရင်းနှီးတဲ့ မျက်နှာတွေတွေ့လိုက်လို့ အကြည့်ရောက်သွားတယ် ။ Maprang ရယ် May ရယ် Prae ရယ် ။ နောက်တစ်ယောက်ကတော့ သူတို့မမြင်ဖူးသေးတဲ့ ကောင်မလေး ။ Arthitတို့ RS အကြောင်း ကြေညာထားပြီးပေမယ့် သူတို့တွေအားလုံး Arthitတို့ကို ကြည့်ပြီး အံ့သြနေတယ် ။

Arthit ကတော့ အဲ့ဒီမိန်းကလေးအုပ်စုကို ကြည့်မနေပါဘူး ။ သူ့ရှေ့မှာထိုင်နေတဲ့ ချောမောခန့်ညားပြီး သူ့ကိုအချိန်တိုင်းဆွဲဆောင်နိုင်တဲ့ လူကိုပဲကြည့်နေတယ် ။ သူက တက္ကသိုလ်ရဲ့ Moon ဖြစ်တာလဲမပြောနဲ့ အရမ်းခန့်ညားပြီး စမတ်လဲကျတယ် ။ Arthit သူ့ကောင်လေးကို မကြည့်ပဲမနေနိုင်ဘူး ။ Arthit တော့ သူ့ကောင်လေးအကြောင်းကို ချီးမွမ်းခန်းဖွင့်နေတော့တယ် ။ ဘယ်လောက်ထိစဉ်းစားနေလဲဆို ကောင်မလေး အုပ်စု သူတို့နားရောက်လာပြီး May ကစကားစပြောမှ သတိဝင်လာတော့တယ် ။

Sotus's True Story Between Moon & Sun (MM Fanfic) Where stories live. Discover now