10.

1.9K 160 26
                                    

Sotus's True Story Between Moon & Sun

အပိုင်း ( ၁၀ )

Arthit's POV

ကျွန်တော် စာသင်ခန်းထဲ ဝင်လာတော့ Brightက ကျွန်တော့်ကို ပြုံးပြီးကြည့်နေတယ် ။ အကြောင်းတစ်ခုခုတော့ရှိရမယ် ။ စိုက်ကြည့်ပြီး ပြီတီတီနဲ့ ပြုံးပြနေတဲ့အပြုံးကိုက ကျွန်တော် ပြေးသတ်ပြီး မီးသဂြိုဟ်ပလိုက်ချင်တယ် ။

Bright - '' Ai'Arthit မင်း မနေ့ညက ပြီးခဲ့ပြီပေါ့....''

Arthit - '' Huh...ဘာကိုလဲ...? ငါ့ကို ဘာတွေလာမေးနေတာလဲ...? "

Bright - '' မင်းလည်ပင်းက အနီကွက်တွေက ဘာတွေလဲ...? မင်း ဖုံးဖို့သာမကြိုးစားနေရင် ငာသတိထားမိမှာမဟုတ်ဘူး...မင်းပုံစံက ရုပ်ပျက်နေတာကိုး...''

Arthit - '' ပါးစပ်ပိတ်ထားစမ်း...Bright!မဟုတ်ရင် ဒီညသွားရင် မင်းကိုမခေါ်ဘူးနော်...''

Bright - '' ကျွန်တော့်ရဲ့ ချစ်လှစွာသော သခင်လေး Ai'Oonလေး ခင်ဗျ...မပြောသင့်တဲ့စကားကို ပြောမိတဲ့အတွက် ခွင့်လွှတ်ပေးပါခင်ဗျ...နောက်ထပ်မပြောတော့ဘူးလို့ ကတိပေးပါတယ် ခင်ဗျ...စိတ်မဆိုးပာနဲ့ခင်ဗျ...နေ့လည်စာ ဝယ်ကျွေးပါ့မယ်ခင်ဗျ...''

Arthit - '' ပြီးတာပဲ...မင်း ပါးစပ်ကထပ်ပြီး အဲ့ဒီအကြောင်းထွက်လာဦးမယ်ဆိုရင်တော့ ပြတင်းပေါက်ကနေ ပစ်ချလိုက်မယ်...''

###

ကျွန်တော်တို့ အတန်းချိန်စပြီ ။ အရမ်းပျင်းဖို့ကောင်းတာပဲ ။ ကျွန်တော့် အာရုံတွေစုစည်းလို့မရဘူး ။ ကျွန်တော် ဗိုက်ဆာနေလို့ဖြစ်မယ် ။....ပြီးတော့....ပြီးတော့....ကျွန်တော် တစ်ယောက်ယောက်ကို လွမ်းနေတယ်....။ ကျွန်တော့်ရဲ့ ချစ်လှစွာသော Kong ပေါ့ ။ ကျွန်တော် သည်းမခံနိုင်တော့ဘူး ။ အော်ဟစ်ပစ်ချင်လာပြီ ။ အတန်းက နောက်ထပ်နှစ်ချိန်ကျန်သေးတယ် ။ နောက်ထပ်လုပ်ဖို့ assignment တွေ အများကြီးမပေးပါစေနဲ့ ။ ကျွန်တော်ကျိန်ပြောရဲတယ် သူတို့တွေဆရာဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့ကို စာရွက်တွေပေးပြီး မပြီးစီးနှုင်တော့တဲ့အ assignmentတွေလုပ်ခိုင်းဖို့ပဲနေမှာ ။ ( အော်...ဝက်ရယ်...ဆရာတွေပါဆိုနေမှ...) ။ ကျွန်တော်တို့ တတိယနှစ်ရောက်လာပြီဆိုတော့ စာတွေကလဲ များလာတယ် ။ အရင်လို ညတိုင်းလိုလိုတောင် သူငယ်ချင်းတွေနဲ့ ဘား မသွားဖြစ်တော့ဘူး ။ ဒါပေမယ့် အဲ့လိုတွေ မသွားဖြစ်တာက ကောင်းတော့ကောင်းပါတယ်လေ ။ အရက်သမားမဖြစ်တော့ဘူးပေါ့.....

###

Sotus's True Story Between Moon & Sun (MM Fanfic) Where stories live. Discover now