8.

2K 139 17
                                    

SOTUS's True Story Between Moon & Sun

အပိုင်း ( ၈ ) # Warning...! #

သူတို့နှစ်ယောက်လုံး တစ်ခုခုဖြစ်တော့မယ်ဆိုတာကို တော့ သဘောပေါက်ကြတယ် ။ သူတို့တွေ အတူတူ အကြိမ်ပေါင်းများစွာနေဖူးပါတယ် ။ ဒါပေမယ့် အခုအခြေအနေက ကွဲပြားနေတယ် ။ အရင်လို မဟုတ်တာတော့ သေချာတယ် ။ အခန်းမီးကိုလဲ မှိတ်ထားပြီး မီးအိမ်တစ်ခုသာ ဖွင့်ထားတယ် ။ ပြီးတော့ Kongpob အမူအရာတွေကလဲ ထူးဆန်းနေတယ် ။ အရင်လို Arthitကို မစဘူး ။ ခုနက စကားကိုလဲ အတည်ပေါက်ပုံစံနဲ့ ပြောတယ် ။

Arthitက အခုလို တိတ်ဆိတ်နေတာကို မနေတတ်တော့လို့ အိပ်ယာပော်ထိုင်နေရင်းကနေပဲ စပြောလိုက်တယ် ။

Arthit - '' ရေကို ဘယ်သူအရင် ချိုးမှာလဲ...? "

Kongpob - '' P'Arthit...''

Arthit - '' ငါလား...အင်းလေ...ငါ့မှာ ရေချိုးပြီးရင် လုပ်ရမယ့်အိမ်စာတွေ ရှိသေးတာပဲ...''

သူ ရေချိုးခန်းထဲ ထသွားမယ်အလုပ် Kongpobက အသံတိုးတိုးလေးနဲ့ Arthit ကို ခေါ်လိုက်တယ် ။
Kongpob - '' Oon...''

Arthit တစ်ယောက် အဲ့ဒီခေါ်သံကြားလိုက်ရတဲ့အချိန်မှာ ဘာကြောင့်မှန်းမသိ မျက်နှာတွေပူလာတယ် ။ Kongpobက သူ့ရဲ့ဒီနမည်ကိုလဲ အကြိမ်များစွာခေါ်ဖူးပါတယ် ။ ဒါပေမယ့် ဒီလောက်ထိ စိတ်ထဲမခံစားရဘူး ။ အခုလိုမျိုးလဲ တစ်ခါမှ မဖြစ်ဖူးဘူး ။

Arthit - '' အင်း...Kongpob...ဘာ...ဘာလဲ? "

Kongpobဆီက ဘာအသံမှ ထွက်မလာလို့ ကြည့်လိုက်တော့ Kongpobက သူ့မေးတာကို ပြန်ဖြေရမယ့်အစား သူ့နားကို လျှောက်လာပြီး သူ့ရဲ့ လက်မောင်းနှစ်ဖက်ကို ကိုင်လိုက်တယ် ။ ပြီးတော့ Kongpobက သူ့အကြည့်တွေကို Arthit မျက်လုံးတွေဆီကနေမခွာဘဲ Arthitရဲ့ နှာခေါင်းထိပ်လေးကို အသာအယာနမ်းလိုက်တယ် ။ ဒီကောင်လေးတော့ သူ့အပေါ်မှာ စိတ်တွေပြင်းပြနေပြီဆိုတာကို Arthit သိလိုက်ပြီ ။ ဒါပေမယ့် သူကိုယ်တိုင်လဲ ဘယ်လိုလုပ်ရမယ်ဆိုတာ ဘယ်လိုလုပ်သင့်တယ်ဆိုတာ စဉ်းစားမရဘူး ။ Kongpobကတော့ သူ့P'ဆီက ငြင်းမယ့်အရိပ်အယောင်မတွေ့ရတော့ နှဖူးကို စနမ်းလိုက်တယ် ။ အဲ့ဒီအချိန်မှာ Arthitက သူ့မျက်လုံးတွေကို ဖြေးဖြေးချင်း မှိတ်လိုက်တယ် ။ Kongpobလဲ မှိတ်ထားတဲ့ Arthitရဲ့ မျက်လုံးတွေကို အမြတ်တနိုးနဲ့ နမ်းလိုက်တယ် ။ ပြီးတော့ ပါးနှစ်ဖက်ကို နမ်းလိုက်တယ်။ ခနနေတော့ sensitive ဖြစ်လှပာချည်ရဲ့ဆိုတဲ့ Arthitရဲ့ နားကို မထိတထိနဲ့ နမ်းနေတယ် ။ အဲ့ဒီအချိန်မှာ Arthit ခန္ဓာကိုယ် တုန်ယင်လာတာကို Kongpob သတိထားမိတယ် ။ ပြီးတော့ Kongpobက သူတို့နှစ်ယောက်အနေအထားကို ပိုနီးအောင် Arthitကို ဆွဲလိုက်တယ် ။ အဲ့ဒီအချိန်မှာ Kongpob ပစ္စည်းကတော့ အားလုံးအပြည့်အဝမဟုတ်သေးပေမယ့် တစ်ဝက်လောက်က အဆင်သင့်ဖြစ်နေပြီ ။ သူ ခုနကဆိုင်မှာ နမ်းခဲ့တည်းက သူ့စိတ်တွေက ပြင်းပြနေခဲ့တာလေ ။ ( ဘလာ ဘလာ ဘာတွေလဲ 😒😒 Kongpob မြန်ချက် 😟 ) ။ သူတို့နှစ်ယောက်နီးကပ်သွားလို့ Kongpobရဲ့ ပစ္စည်းကို Arthitတစ်ယောက် သတိထားမိလိုက်တယ်ဆိုရင်ပဲ Kongpobက Arthitရဲ့ နှုတ်ခမ်းတွေကို အတင်းဖမ်းစုပ်ပြီး နမ်းလိုက်တယ် ။ Arthitကလဲ Kongpobရဲ့အနမ်းတွေကို တုံ့ပြန်ပြီး နမ်းတယ် ။ တစ်ယောက်တစ်ပြန် နမ်းရင်းကနေ သူတို့လျှာတွေလဲ လှုပ်ရှားလာကြပြီး ညည်းသံယဲ့ယဲ့တွေပာ ထွက်လာကြတယ် ။ Kongpob သူ့P'ကို နမ်းနေရင်းကနေပဲ ပွေ့ချီလိုက်ပြီး အိပ်ယာပေါ်ကို အသာအယာချလိုက်တယ် ။

Sotus's True Story Between Moon & Sun (MM Fanfic) Where stories live. Discover now