9.

2K 135 10
                                    

SOTUS's True Story Between Moon & Sun

အပိုင်း ( ၉ )

Kongpob's POV

" Oon...အရမ်းချစ်တယ်နော်...''

OMG...ကျွန်တော် ပြောလိုက်ပေမယ့် P'ဆီက ရလိုက်တဲ့ အဖြေက တခူးခူးနဲ့ဟောက်နေတဲ့အသံ...ကြည့်ကြည့်တော့ သူကအိပ်ပျော်နေပြီ... ။ ကျွန်တော် ကိုယ့်ဘာသာတောင် ရှက်သွားတယ်...။ ( ဝက်ရယ်...အခုပဲပီးတာကို...ချက်ချင်းပဲ...😂 ) ။ ကျွန်တော် အခုဖြစ်ခဲ့တဲ့အခြေအနေတွေကို မယုံနိုင်လို့ အိပ်မက်များလားဆိုပြီး ကိုယ့်လက်ကို ဆိတ်ကြည့်မိတယ် ။ ဒီညကတော့ ကျွန်တော့်ဘဝမှာ ဘယ်တော့မှမမေ့နိုင်မယ့် ညလေးပါ ။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ Oon ရဲ့ First Night လေးပေါ့...( သေတော့မှာပဲ...👿 မဝင်သေးဘဲနဲ့ ဘာ First Night တုန်း...😏 ) ။ Oon...သူက သူ့ရဲ့ခံစားချက်တွေကို ကျွန်တော့်လို မဖော်ပြတတ်ပေမယ့် ကျွန်တော့်ကို အရမ်းချစ်တယ်... ကျွန်တော့်ခံစားချက်တွေကို မကစားဘူး...ဆိုတာ ကျွန်တော်သိတယ် ။ ကျွန်တော့်လို ဆိုးတဲ့ ဂျူနီယာတစ်ယောက်ကို ချစ်သူတစ်ယောက်အဖြစ် လက်ခံပေးခဲ့တယ် ။ သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် သူ့မှာကျွန်တော်ကြိုက်တဲ့အချက်တွေ အများကြီးရှိပေမယ့် ကျွန်တော့်ဆီမှာတော့ သူကြိုက်ကြိုက်တဲ့အချက်နည်းနည်းလောက်ပဲ ရှိမှာပါ...။ ဒါပေမယ့် ကျွန်တော် ဒီလောက်နဲ့ ရပ်မနေပါဘူး ။ Oonနဲ့ ထာဝရလက်တွဲနိုင်သွားဖို့အထိ ဆက်ကြိုးစားနေဦးမှာပါ ။ P' မကြိုက်တဲ့ အချက်တွေရှိခဲ့ရင်လဲ အကောင်းဆုံးပြုပြင်သွားမယ် ။ ကျွန်တော့်ဘဝမှာ Oonလိုလူနဲ့ တွေ့ရမယ်လို့ လုံးဝမထင်ထားခဲ့မိဘူး ။ ကျွန်တော် တော်တော်ကံကောင်းတာပဲ ။ ကျွန်တော့် အတွေးတွေနဲ့ ကျွန်တော် ပြုံးနေမိတယ် ။ ပြီးမှ တစ်ခုသတိရသွားတယ် ။

အခုမှ သတိရပြီး P'အတွက် စိုးရိမ်နေမိတယ် ။ ဘာလို့လဲဆိုတော့ P' နက်ဖြန်ထပ်ရမယ့် သူ့ Assignment တွေ လုပ်လို့မပြီးသေးဘူးလေ...! ကျွန်တော် နှိုးလိုက်ရင်ကောင်းမလား...? မဖြစ်သေးဘူး...အဲ့လိုသာနှိုးလိုက်မယ်ဆို ကျွန်တော် အရိုက်ခံရမှာ သေချာတယ်... ။ ကျွန်တော် မနက်စောစောထပြီး နှိုးလိုက်မယ် ။ သူ့assignmentတွေ ပြင်ဆင်ဖို့ အချိန်ရလောက်မှာပါ...။

Sotus's True Story Between Moon & Sun (MM Fanfic) Waar verhalen tot leven komen. Ontdek het nu