7.

1.9K 153 9
                                    

Sotus's True Story Between Moon & Sun

အပိုင်း ( ၇ )

Arthit's POV

Kongpob - '' P' နည်းနည်းစောသေးတယ် ။ ကျွန်တော့်အခန်းကို လိုက်ခဲ့ပါလား? ကျွန်တော်တို့ နှစ်ယောက် နည်းနည်းကြာအောင် နေလို့ရသေးတာပေါ့ ''
( Update ကြာသွားလို့ ဒီအဆက်ကို မမှတ်မိတော့ရင် အပိုင်း ၆ လေး ခနလောက် ပြန်ဖတ်ကြည့်ကြပါနော် 😁 )

Arthit - '' အင်း Kong...ငါ စာအုပ်တွေပြန်ယူလိုက်ဦးမယ် ။ မင်းဆီနေရင်း တစ်ခါတည်း စာပါလုပ်လို့ရတာပေါ့ ။ ''

Kongpob - '' OK...P'ကျွန်တော် စောင့်နေမယ်နော် ''

ကျွန်တော်တိုက်ခန်းကို ပြန်လာရင်း Kong ပြောခဲ့တာကို ပြန်စဉ်းစားနေတယ် ။ သူဘာပြောတာပါလိမ့်?
တစ်ညလုံးကိုဆိုလိုတာလား? ဒီညအတူတူအိပ်ဖို့ ပြောတာလား ဒါမှမဟုတ် အခုစောသေးလို့ သူ့တိုက်ခန်းကိုလိုက်ခဲ့ပြီး ကျွန်တော့်တိုက်ခန်းကို မပြန်ခင် နာရီအနည်းငယ်လောက် အတူနေမယ်ပြောတာလားပဲ ။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲ့မှာတစ်ညလုံးနေမှာဆိုရင် ညဝတ်အင်္ကျီလဲဖို့လိုတယ်လေ ။ ဘာလုပ်ရမှန်းမသိလို့ ကျွန်တော်စိတ်တွေရှုပ်နေတယ် ။ ကျွန်တော်တို့ ချစ်သူတွေ ဖြစ်တည်းက အခုဆို တွဲလာတာနှစ်လရှိနေပြီ ။ အချိန်တော်တော်များများ တစ်ယောက်တိုက်ခန်းမှာ တစ်ယောက်အချိန်ကုန်ခဲ့ကြတာတော့ ဟုတ်ပါတယ် ။ ဒါပေမယ့် နေ့ပိုင်းတွေပါပဲ ။ တစ်ညလုံး အတူတူတစ်ခါမှမနေဖူးဘူး ။

ကျွန်တော်တို့နှစ်ယောက်လုံး အရွယ်ရောက်နေတဲ့လူငယ်တွေဆိုနေမယ့် ကျွန်တော်တို့ တွဲလာတဲ့ ကာလပတ်လုံး နမ်းတာထက် မပိုခဲ့ဘူး ။ ကျွန်တော်တို့နှစ်ယောက်လုံး ရည်းစားလဲ မထားခဲ့ဖူးတော့ အခုလို ကိုယ့်ရည်းစားနဲ့လဲ အတူအိပ်ဖို့ဆို ဝေးပေါ့ ။ ကျွန်တော့်သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး အကြံတောင်းသင့်လား? မဟုတ်သေးဘူး သူတို့ကို မေးဖို့ဆိုကတော့ မဟုတ်သေးဘူး ။ ကို့ရိုကားရားနိုင်လွန်းတယ် ။ အဲ့အပြင်Ai'Bright နဲ့ Ai'Toota သာသိရင် ပြီးပြီ ။ ဘယ်လိုမှထိန်းလို့ရမှာမဟုတ်တော့ဘူး ။ သူတို့ကို မေးတာက ကျွန့်တော့်အရှက်ကို ကျွန်တော် ချပြလိုက်သလိုပဲ ဖြစ်နေမှာ ။

Sotus's True Story Between Moon & Sun (MM Fanfic) Where stories live. Discover now