လေဒီရှူး-22

Start from the beginning
                                    

ရုတ်တရက်ပြန်ဖြေလိုက်ပေမယ့် ဝသုန်မအံ့သြမိပါ
ဘူး။
တယောက်တည်းလာခဲ့တာကို တွေ့ကတည်းက ထင်ထားခဲ့ပြီးသားပါ။
ယသော်ထက်ကို တမင်တကာ အချိန်ပြောင်းပြောပြီး တယောက်တည်းလာတွေ့တာဆိုတော့ ဘာစကားများပြောမှာမှန်း မသိပေမယ့်လည်း…

''ဟုတ်ကဲ့ ပြောပါ''

တဖက်က သက်ပြင်းချလိုက်ရင်း…
''ပထမဆုံးအနေနဲ့က ယသော်က ယောကျာ်းလေး
တယောက်ပါ…''

ဒါပြောဖို့များ ချိန်းခဲ့တာလား…
ကိုယ့်ကိုကိုယ် ယောကျာ်းလေးတယောက်နဲ့ ကြိုက်နေမှန်း ဝသုန်မသိခဲ့ဘူးလို့ ထင်နေတာများလား…

ဝသုန် ခေါင်းညိမ့်ပြလိုက်ပြီး…
''ကျွန်တော် သိပါတယ်''

''ပြီးတော့ ငယ်ငယ်တုန်းက အမေဆုံးသွားလို့
စိတ်ဒဏ်ရာရှိခဲ့တဲ့ကလေးပါ''

''အင်း…သူ ကျွန်တော့်ကိုပြောပြဖူးပါတယ်''

''ဟင်…''
မြတ်ယမုံ အံ့သြသွားမိတယ်။
သူ့ကို ဒီအကြောင်းပြောပြဖူးတယ်တဲ့လား?

ပါးစပ်ကထုတ်ပြောဖို့မပြောနဲ့…
သူများက ရှေ့မှာ ပြောရင်တောင် မတော်တဆပြောမိတာတောင် မကြိုက်တဲ့ ကလေးကလေ…!

ဒီကလေး သူ့အပေါ်မှာ ဒီလောက်တောင် သံယောစဉ်ရှိလို့လား…?

အို…
ဘယ်လိုပဲဖြစ်ဖြစ်ပါ…
ဒါမဖြစ်သင့်တာကိုတော့ တားရမှာပဲ…

မြတ်ယမုံ စိတ်ကိုပြန်တင်းလိုက်ပြီး…
''ကျွန်မ လိုရင်းကိုပဲပြောတော့မယ် ကိုဝသုန်…
ရှင် ယသော့်ကို ချစ်နေတယ်ဆိုတာ မဖြစ်နိုင်တဲ့
ကိစ္စပါ…ကျွန်မပြောတာနားလည်မယ်ထင်ပါတယ်''

''ကျွန်တော် နားလည်ပါတယ်''
ဝသုန် ပုံမှန်အတိုင်းလေးပဲပြန်ဖြေလိုက်တယ်။
ဒီလိုလာတွေ့ပြီ ဒီစကားတွေပြောနေကတည်းက နောက်ဆုတ်ပေးဖို့ပြောမယ်မှန်း နားလည်ပြီးသားပါ။
ဒါပေမယ့်…

''တခုပဲမရှင်းတာပါ ။ဘာလို့ မဖြစ်နိုင်ဘူးလို့ပြောတာလဲ…''

''ကိုဝသုန်မာန်ကော ကျွန်မမောင်ကောက ယောက်ျားလေးတွေပါ။
မောင်လေးက ကိုဝသုန့်ကို ချစ်သူအဖြစ် ရွေးချယ်လိုက်ရင်…
ပတ်ဝန်းကျင်က ဘယ်လိုများပြောကြမလဲ။
ကိုဝသုန် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးလား…''

လေဒီရှူး-(yaoi story)Where stories live. Discover now