EP.25

1.4K 110 31
                                    







" ညီ ​ရေ ကို့ ကို​ကော်​ဖီတစ်​ခွက်​...ကျစ်​ "

မေ့ပြန်​ပီ ...
ဒီ​နေ့ ညီ အိမ်​မှာမရှိဘူး မနက်​ဖြန်​ အလုပ်​ကိစ္စနဲ့ ပြည်​ပ
သွားစရာရှိတဲ့ ကျ​နော့်​ကို အဝတ်​အစား​တွေ ပြင်​​ပေးထားပီး
မားတို့နဲ့ သွား​နေမည်​ဟု ဆိုကာ ဒီ​နေ့ထဲက သွား​နေသည်​..
အလုပ်​လုပ်​ရတာလဲ တစ်​ခုခု လို​နေသလို ..
တစ်​အိမ်​လုံးလဲ ​ခြောက်​ကပ်​​နေတာပဲ အနားမှာအမြဲရှိတတ်​တဲ့ အရိပ်​​လေး မ​တွေ့ရတာမို့ လူက ​နေမထိထိုင်​မသာနဲ့
မ​နေတတ်​ ကိုယ်​ကိုတိုင်​ ​ဖျော်​တဲ့​ကော်​ဖီ​တောင်
ညီ​ဖျော်​​ပေးတာ​လောက်​ အရသာရှိတယ်​ မထင်​ဘူး...
ရူးပြီ ညီ​ရေ..ဒီတိုင်းဆို မင်းကို ကိုယ်​ဘယ်​လိုခွဲရပါ့မလဲ....

အလုပ်​ ဆက်​လုပ်​လို့မရ​တော့တာမို့ လပ်​​တော့ပ်​ကို ပိတ်​ပီး
ကုတင်​​ပေါ်လှဲကာ အိပ်​ဖို့ ကြိုးစား​ပေမယ့်
မ​အောင်​မြင်​..
်​ ​ဘေးမှာ လှစ်​လပ်​ပီး​အေးစက်​​နေ​သော
အိပ်​ယာခင်းက လူကို​လှောင်​​နေသည့်​နှယ်​..
အိပ်​စက်​​နေကြ ​ခေါင်းအုံး​လေးကို ရင်​ခွင်​ထဲဆွဲသွင်းထား​ပေမယ့်​ ညီ့ကိုယ်​လုံး​လေး ​လောက်​မ​နွေး​ထွေး​ပေ...
လွမ်းတယ်​ညီ ..
ခွဲရတာ တစ်​ရက်​မပြည့်​​သေးဘူး
ကိုယ်​မ​နေတတ်​​အောင်​ လွမ်း​နေတယ်​လို့​ပြောရင်​ ညီ ကို့ ကို
လှောင်​အုံးမယ်​ ထင်​တယ်​ ...
11 နာရီ ​ကျော်​ပြီ..
ဘယ်​လိုပဲ ကြိုးစားကြိုးစား အိပ်​မရ​တော့တဲ့အဆုံး
အဆင်​သင့်​ပြင်​​ပေးထားတဲ့ ခရီး​ဆောင်​အိပ်​ဆွဲကာ
ကား​သော့ ယူပြီးထွက်​ခဲ့လိုက်​သည်​...။


" ဒီအချိန်​ကြီး ဘယ်​သူပါလိမ့်​ "

" မင်း သားပဲ ​နေလိမ့်​မယ်​ .. အိမ်​ခွဲ​နေပီး မိဘအိမ်​ကြ
တစ်​​ခေါက်​မလာဘူး .. ခုမှ သားငယ်​ ဒီလာ​နေလို့
လိုက်​လာတာ ​နေမှာ​"

" ညားကာစပဲ ရှိ​သေးတဲ့   ခ​လေးကို ရှင်​ပဲ ခရီးထွက်
ခိုင်းပြီး​တော့ .. သူ့ခမျာ ခွဲချင်​ပါ့မလား ..ဟွန်း.. "

ပြော​ပြောဆိုဆို မျက်​​စောင်းထိုးပြီး ထွက်​သွားတဲ့
ဇနီးဖြစ်​သူကို ကြည့်​ရင်း သူ့သား​တွေကို အထိမခံတဲ့သူကိုမှ
သွား​ပြောမိတဲ့ ကိုယ့်​ကိုကိုယ်​သာ ​နောင်​တရမိသည်
ကိုယ်​ကလဲ ခိုင်းမိသည်​ကိုး......။

ခ​လေးချစ်​​သောလူကြီး Where stories live. Discover now