EP.20

1.3K 128 54
                                    







မူးချင်​သည်​ အရာအားလုံးကို ခနတာ ​မေ့ပစ်​လိုက်​ချင်​သည်​..။
ရေချိန်​လွန်​​အောင်​ ​သောက်​​နေ​ပေမယ့်​ ခံစားမှု​တွေက
လျော့ပါးမသွား ထပ်​တိုးပီးသာ နာကျင်​​နေသည်​...။

ကိုယ်​ကိုတိုင်​ ကြူးလွန်​ခဲ့​သော အမှား​တွေအတွက်
ဘယ်​သူ့ကိုမှ အပြစ်​တင်​လို့မရ ...........
ဒါ ကျ​နော်​ကိုယ်​တိုင်​ ​ရွေးချယ်​ခဲ့တာ ​ဝေးရမှာ​ကြောက်​လို့
ကြိုးစားခဲ့တဲ့​ခြေလှမ်းတိုင်းက သူနဲ့​ဝေးသထက်​​ဝေး​စေမှန်း
သိခဲ့ချိန်​မှာ ​နောင်​တက ကျ​နော့်​အတွက်​ ခါးသက်​လွန်းတယ်​။

အရက်​ခွက်​ကို စိုက်​ကြည့်​​နေတဲ့ မျက်​ဝန်းထဲမှာ
ကျ​နော့်​ကို ​လှောင်​ပြုံး​ပြုံးပြနေတဲ့ ခ​လေးမျက်​နှာ​လေး...
လှောင်​ရယ်​ပါ ညီ ခနဲ့ပါ သတ္တိတပြားသားမှမရှိပဲ
ကိုယ်​ချစ်​တဲ့သူကို အ​ဝေးဆုံးပို့မိတဲ့ ကိုယ့်​ကို မဲ့ရွဲ့အပြစ်​တင်​လိုက်​ပါ .......
အသုံးမကျတဲ့ ​ကောင်​အဖြစ်​ သက်​မှတ်​လိုက်​စမ်းပါ...
ကိုယ်​ ခံပါ့မယ်​ ဒါ​ပေမယ့်​ အ​ဝေးကြီး​တော့ ထွက်​မသွားပါနဲ့
ပုန်းမ​နေပါနဲ့ ကိုယ့်​အနားမ​နေ​ပေးနိုင်​ရင်​​တောင်​ ကိုယ့်​ကို
အ​ဝေးက​နေ ​ငေးကြည့်​ခွင့်​​လေး​တော့​ပေးပါ......

"ဟင်​...မင်း မင်း ညီ့ သူငယ်​ချင်းမှလား ညီ​ရော ညီ
ဘယ်​မှာလဲ "


အ​လောတကြီး သူ့စကား​ကြောင့်​ အနားမှာလာရပ်​သူ လန့့်​သွားပုံရသည်​ .....ပီးမှ သူ့မျက်​နှာကိုမြင်​သည်​နှင့်
အမူအရာ ​ပြောင်းသွားကာ.......



"ခင်​ဗျား......​တောက်​! ခင်​ဗျားသူ့ကို ဘယ်​​လောက်​ထိ ဒုက္ခ​ပေးအုံးမလို့လဲ P'God "

"Kit "

"ငါ​တောင်းပန်​ပါတယ်​ သူဘယ်​မှာလဲ ငါသိရမှဖြစ်​မယ်
ပြောပြပါကွာ ​ငါ​တောင်းပန်​ပါတယ်​ "

"မသိဘူး သိရင်​လဲမ​ပြောနိုင်​ဘူး ခင်​ဗျား​ကြောင့်​ သူထွက်​​ပြေးသွားတာ ခင်​ဗျားက​တော့ ​ပျော်​​ပျော်​ကြီးချစ်​သူနဲ့ လက်​ထပ်​ပွဲကျင်းပ​နေချိန်​မှာ ကျ​နော့်​သူငယ်​ချင်းက ရှက်​ရွံစွာ
ပုန်းကွယ်​​နေရပြီ သူခင်​ဗျားအ​ပေါ်ဘာမ​ကောင်းခဲ့လို့လဲ သူဘာမှားယွင်းခဲ့လို့ သူ့အ​ပေါ်အဲ့​လောက်​ထိ လုပ်​ရက်​ရတာလဲ ဟမ်​ "

ခ​လေးချစ်​​သောလူကြီး Where stories live. Discover now