Ep.22

1.3K 102 26
                                    







လက်​ထဲက စတစ်​ကို လှမ်းယူကာ လှည့်​ထွက်​ခဲ့တဲ့​နောက်​မှာ
သူ့ကိုလက်​သီးဆုပ်​ရင်း စား​တော့ဝါး​တော့မတတ်​ ကြည့်​​နေ​မှာကို​တွေးမိကာ နှုတ်​ခမ်းထက်​မှာမဲ့ပြုံးတို့ဖြစ်​ထွန်းသည်​...။



"Kit သွားရ​အောင်​ "

"ဟင်​ ဘယ်​လဲ မင်္ဂလာပွဲစ​တော့မှာ​လေ "

"​စောင့်​မ​နေနဲ့​တော့ မင်္ဂလာပွဲပျက်​သွားပီ "



တအံတ​ဩ ​မော့ကြည့်​​နေတဲ့ ​ဘေဘီ​လေးကို ပခုံးမှဆွဲလှည့်
ခေါ်ခဲ့လိုက်​သည်​...။
ဘာ​တွေဖြစ်​ပျက်​ကုန်​မှန်း မသိသူ​လေးကို ကား​ပေါ်​ရောက်​မှ
အ​ကြောင်းစုံ ရှင်းပြပါ​တော့မည်​....။







သက်​မှတ်​စံနုန်း ဂိတ်​ကုန်​​မောင်း​နေတာ​တောင်
နှေး​တယ်​ဟု သူထင်​မိသည်​ .. ခ​လေး ဘားမှမဖြစ်​ပါ​စေနဲ့
တကယ်​လို့ တစ်​ခုခုသာ ဖြစ်​ခဲ့ရင်​ သူ့ကိုယ်​သူ
ခွင့်​လွှတ်​နိုင်​လိမ့်​မည်​မဟုတ်​ ....ခင်​ဗျားကို သူမမုန်းဘူး
God ဟိုးအရင်​ထဲက သူ့ရင်​ထဲမှာ ခင်​ဗျားပဲရှိခဲ့တာ....
P'kim​ပြောခဲ့​သော စကားတို့က နားထဲမှာ ပဲ့တင်​ထပ်​​နေသည်​...ပီး​တော့ မား​ပြောခဲ့တာ မ​နေ့က အိမ်​​လေးမှာ
ခ​လေးရှိ​နေခဲ့တယ်​တဲ့ ဒါဆို သူ​ပြောတာ​တွေ ကြားပီး
အပြင်​မှာပဲ တစ်​ညလုံးရှိ​နေခဲ့တာလား...
သူ့​ကြောင့်​​နောက်​ထပ်​ ထိခိုက်​​စေခဲ့ပြန်​ပြီ ......




ဆေးရုံထဲ ​ရောက်​သည်​နှင့်​ ​ကောင်​တာက နပ်​စ်​မ​လေးကို
အခန်း​မေးကာ အ​ပြေးအလွှား သွားမိသည်​ ....
သေသပ်​စွာ ​ခေါက်​သိမ်းထား​သော​စောင်​နှင့်​ လူမရှိသည့်​ ကုတင်​က ရင်​ဝကို ​ဆောင့်​ကန်​ခံလိုက်​ရသည့်​နှယ်​....။



"ညီ......ဆရာမ ဒီကုတင်​က လူနာ​ရော "

"ဒီကုတင်​က "

"ဟို အသားဖြူဖြူ လုံးလုံး​လေးနဲ့​လေ မျက်​​တောင်​ရှည်​ရှည်​ အသဲပုံနှုတ်​ခမ်းနဲ့ သူ့ကို​ပြောတာ "

"​ဩော်​ ​​ကောင်​​လေး ​ချော​ချော​လေးကို ​ပြောတာလား သူ​ဆေးရုံက ဆင်းသွားပြီ ​​ကောင်း​သေးတာလဲမဟုတ်​ပဲနဲ့
ဆေးရုံကို ​ရောက်​လာခါစကဆို တကိုယ်​လုံးဖြူ​ဖျော့ပီး
သတိ​မေ့​နေတာ အ​ရေး​ပေါ်ခန်း​ကို တန်းတင်​လိုက်​ရတာ "

ခ​လေးချစ်​​သောလူကြီး Where stories live. Discover now