Ep.23

1.3K 117 29
                                    





ရိုးရှင်း​သော မင်္ဂလာပွဲ​လေးကို ပြုလုပ်​ခဲ့တဲ့​နေ့က ကျ​နော့်​အတွက်​​တော့ မ​မေ့နိုင်​စရာ တန်​ဖိုးကြီးလွန်း​သော
အမှတ်​တရ တစ်​ခု....မကြီးကျယ်​​ပေမယ့်​ ပြည့်​စုံတယ်
မခန်းနား​ပေမယ့်​ လှပလွန်းတယ်​....။
လူအများကြီး တက်​​ရောက်​ချီးမြှင့်​ခြင်း မခံရ​ပေမယ့်
ကျ​နော်​တို့ကို အသိအမှတ်​ပြု​ပေးတဲ့ မိဘ​တွေရှိတယ်
နားလည်​လက်​ခံ​ပေးမယ့်​ သူ​တွေရှိ​သေးတယ်​...
ကျ​နော်​တို့ကို နားလည်​လက်​ခံ​ပေးတဲ့ ပတ်​ဝန်းကျင်​က
သေးငယ်​​ပေမယ့်​ ​ကျေနပ်​ပါတယ်​ လုံ​လောက်​ပီ​လေ..
ရှင်​လျှက်​နဲ့ ​သေ​နေရမယ့်​ ဘဝတစ်​ခုထက်​ ချစ်​သူရဲ့လက်​ကို
တွဲပီး ကြုံလာတဲ့အခက်​ခဲ​တွေကိုရင်​ဆိုင်​ရတာ ဘယ်​အရာက
ပိုအဓိပ္ပါယ်​ရှိလဲ သိခဲ့တဲ့​နောက်​ ကျ​နော်​သူ့ကို လက်​မလွှတ်​​တော့ဘူး ..







မင်္ဂလာပွဲပြီးတာနဲ့ အိမ်​ခွဲ​နေဖို့​ပေမယ့်​ ညီက သူတခြားမှာ
သွား​နေတုန်း သူ့အ​မေနဲ့ခွဲ​​နေခဲ့​သေးတာမို့ ခန​လောက်​အတူ
နေချင်​တယ်​ ​ပြောတာ​ကြောင့်​ ညီ့ကိုမခွဲနိုင်​တဲ့ ကျ​နော်​ကပဲ
ယောက္ခမ အိမ်​လိုက်​​နေရ​တော့တယ်​ ...
ယောက္ခမ အိမ်​မှာ​နေရတယ်​ဆိုတာ ထင်​သ​လောက်​​တော့ မလွယ်​ဘူးဗျာ လက်​ထပ်​ထားတာ မှန်​​ပေမယ့်​ အ​မေ​ရှေ့မှာမို့ သူသားကို မထိရဲ လက်​​လေးကိုင်​ဖို့​နေ​နေသာသာ ကိုယ့်​မှာ
ခိုးကြည့်​ရတဲ့ဘဝ ကြင်​နာချင်​တာ​တောင်​ အိ​နြေ္ဒဆယ်​​နေရသည်​ ..
နေ့ဆို ကိုယ်​က ကုမ္ပဏီသွား သူက​ကျောင်းတက်​နှင့်
နှစ်​ကိုယ်​ကြား​တွေ့တဲ့အချိန်​ဆို ညဖက်​​လောက်​သာ ရှိသည်​ ..
ညဖက်​ကြ​တော့လည်း ရှာပုံ​တော်​လုပ်​ခဲ့စဉ်​က ပစ်​ထားခဲ့တဲ့
အလုပ်​​တွေ ​တောင်​ပုံရာပုံ စား​မေးပွဲနားနီး​နေတဲ့ ညီကလဲ
စာကျက်​နဲ့ ကိုယ်​လဲအလုပ်​​တွေပီးလို့ အနားကပ်​မယ်​ကြံ​တော့ သူက အိပ်​​နေပြီ ​ကျောင်းမှာ ပျက်​ရက်​​တွေအတွက်​စာ​တွေ ပြန်​လိုက်​နဲ့ ပင်​ပန်းပါတယ်​​လေ ဆိုပီးမနှိုးရက်​လို့
နဖူး​လေးပဲ အနမ်း​ခြွေပီး အိပ်​ခဲ့ရတာ ငါးရက်​ရှိ​နေပြီ ..
ဒီ​လောက်​ အရှည်​ကြီး ရှင်းပြ​နေတာ သူနဲ့ကျ​နော်​ ဘားမှ
မဘာရ​သေးတဲ့အ​ကြောင်းကို သိ​စေချင်​တာ..
ဘယ့်​နှယ်​ဗျာ အိမ်​​ထောင်​ကျလို့ မင်္ဂလာ​ဆောင်​ပီးတာ ငါးရက်​ရှိ​နေပြီ.. ခုထက်​ထိ လူပျိုရည်​ မပျက်​​သေးဘူး ​ဆိုတာသာ
သူငယ်​ချင်း​တွေ သိရင်​.. ကျ​နော်​ရှက်​လို့ ​ခေါင်း​ဖော်​ရဲမှာ​တောင်​မဟုတ်​ဘူး ..
မဖြစ်​ဘူး ဒီတိုင်းဆို အိမ်​​မြန်​မြန်​​ပြောင်းမှ ဖြစ်​မှာ..
အခုလဲ ကြည့်​ အ​မေနှစ်​​ယောက်​က ကျ​နော်​တို့အိမ်​သစ်​အတွက်​ လိုအပ်​တဲ့ အိမ်​သုံးပရိ​ဘောဂ​တွေကို စာအုပ်​​ရှေ့မှာ
ချပီး ​ရွေး​နေတာ .. အဲ့ဒါကို အလိုက်​မသိတဲ့ ဟိုခ​လေးက
အဲ့နားမှာ သွားထိုင်​ပီး ​ဟိုဟာ ​ငေးလိုက်​ဒီဟာ​ငေးလိုက်
ရွေး​နေတာလား ဆို​တော့လည်းမဟုတ်​..
ကိုယ့်​​ယောက်ျားစိတ်​ထဲ ဘယ်​လိုဖြစ်​​နေလဲ ဆိုတာလဲ
သိပုံမ​ပေါ် ​​နောက်​​တော့ မျက်​နှာလှည့်​မလာတဲ့အဆုံး...



ခ​လေးချစ်​​သောလူကြီး Wo Geschichten leben. Entdecke jetzt