အပိုင်း(၈)

Start from the beginning
                                    

မျက်ဝန်း အစုံ ကို မှိတ်ချရင်း အလွတ် ရလေတော့ ဖုန်း နံပါတ် အား ပြောချ ပစ် လိုက် သည်

* ငါ့ အသက်က မင်း လက်ထဲ မှာဘဲ ရှိတယ် Luhan Hyung ရေ * ဟုသာ

~ တင်.....

ဖုန်း ခေါ် သံ နဲ့ အတူ Kyung Soo နှလုံး ခုန်သံတွေ ကြောက်စရာကောင်းအောင် မြန်နေလေသည်

ဖုန်း ကို ခပ်ကျစ်ကျစ် စုပ်ကိုင်ရင်း စိတ် ကိုလည်း လျော့ချ နေရသေးတာ

~ဟဲ....

ဟိုဘက်က ထူးသံ မဆုံးခင် Kyung Soo အမြန်ဖျက်ချကာပြောချ ပစ်လိုက်သည်

~ ဟဲလို ဘွားလား သား Kyung Soo ပါ အဟင့် သားလေ အဘွား ကို လွမ်းလို့ ဖုန်းဆက်တာ သားတို့ Boss က သိပ်သဘောကောင်းတာ သိလား သားကလေ အဘွားဆီ ဆက်ချင်လို့ ဖုန်း ကို တိတ်တိတ်လေး ယူပြီး ဆက်တာ ကို သူကလေ သိပေယ့် သားကို ပေးဆက်တယ် သိလား သိပ်သဘောကောင်းတာဘဲ

Kyung Soo တရစက် အသက်တောင် ရှူဘဲ ပြောနေသည် ကို ဘေးက Mafia Leader Kim က ခပ်ပြုံးပြုံး ကြည့်နေလေသည် သေချာတယ် ဟိုဘက် က Luhan လည်း ပြာတောက် နေမယ်ဆိုတာ

~ အဟင့် အဘွားလည်း မြေးလေး ကို လွမ်းတယ်

လုပ်သံ ကြီးနဲ့ ငိုသံ ပါကာပြောသည့် Luhan စကားကြောင့် Kyung Soo ရယ်ချင်ပေမယ့် အောင့် ထားရသည်

တော်သေးတယ်  အသက်ဘေးက သီသီလေး လွတ်သွားပေလို့

Luhan ကယ်ပေ လို့သာ ပေါ့

Kyung Soo တွေးရင်း သက်ပြင်း အသာ ချလိုက်သည်

ဖုန်းချ ပြီး ပြန်ပေးလေတော့ Leader Kim က သူ့အား ကြည့်ကာ

~ Kyung Soo တအား လွမ်းနေရင် Kyung Soo အဘွားကို ဒီခေါ်ဖို့ စီစဉ်ပေးမယ် အဟင်း တစ်ခုတော့ရှိတယ် Give and Take လေးပေါ့

Leader Kim က ခပ်ပြုံးပြုံးပြောရင်း ထွက်သွားလေတော့ အခန်းထဲ Kyung Soo တစ်ယောက် ထဲသာ

ဖြစ်လာမယ့် ပြသနာတွေကို တွေးရင်း လူက ပူထူ လာသည်

နောက်ကိစ္စ နောက်မှ ရှင်းတာပေါ့ အခုတော့့

နောက်ဆို ဘာဘဲ လုပ်လုပ် အထူး သတိ ထားရတော့ မှာ

~~~~~~~******~~~~~~

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now