"နင်​ဘာပဲ​ဖြစ်​လာပါ​စေ~ငါအမြဲအားထားရတဲ့ငါ့သူငယ်​ချင်း​လေးအတွက်​ငါအမြဲဂုဏ်​ယူ​နေမှာပါ TaeTae ရယ်​!ငါ​က​တော့ နင့်​ကိုငါ့အနားမှာအမြဲရှိ​နေ​စေချင်​ရုံပဲ"

"ကျွန်​​တော်​မျိုးအသက်​နဲ့ရင်းပြီးကျိန်​ပါတယ်​~ကျွန်​​တော်​မျိုးမ Kim TaeYeon ဟာ အရှင့်​သမီး Hwang Miyoung အ​ပေါ်မှာအမြဲသစ္စာ​စောင့်​သိပါ့မယ်​လို့ကျိန်​ဆိုပါတယ်​"

ဒူး​လေးတစ်​​ဖက်​​ထောက်​ပြီး မင်းသမီး​လေးကိုသစ္စာဆို​လေရဲ့!
_______________

ဒီလိုနဲ့ ၁၀ နှစ်​ကြာလာပြီးတဲ့​နောက်​မှာ
Taeyeon ကလူအများ​လေးစားဂုဏ်​ယူရတဲ့ တိုက်​ရည်​ခိုက်​ရည်​​တွေအပြည့်​နဲ့
သေနာပတိတစ်​​ယောက်​ဖြစ်​လာ၏။Taeyeon ကဒီရာထူးကိုဖခင့်​​ကြောင့်​နဲ့အသိုင်းအဝိုင်း​ကြောင့်​ရလာခဲ့တာမဟုတ်​ပါ။စစ်​တပ်​ထဲမှာထူးချွန်​တဲ့အရည်​အချင်း​တွေနဲ့ကြိုးစားမှု​တွေကိုသက်​​သေပြပြီးရလာခဲ့တာပါ။ခန္ဓာကိုယ်​​သေး​သေး​လေး​ပေမယ့်​ တပ်​ထဲမှာမည်​သူ့ကိုမဆိုလက်​ရုံးရည်​ချင်းယှဉ်​ပြီးအနိုင်​ချနိုင်​သည်​အထိအစွမ်းထက်​လွန်း
လှသည်​။တိုင်းပြည်​ကိုရန်​သူ​တွေလက်​က​နေအခါခါကာကွယ်​ထား၍လဲ ပြည့်​ရှင်​၏ယုံကြည်​ကိုးစားမှုကိုအပြည့်​အဝရထားသည်​။

"ဗိုလ်​ချုပ်​ Kim သက်​​တော်​ရာ​ကျော်​ရှည်​ပါ​စေ!!"

Taeyeon အခုပဲစစ်​ပွဲကိုအနိုင်​ယူလာပြီး တပ်​သား​တွေနဲ့အတူမြို့​တော်​ကိုပြန်​​ရောက်​လာ၏။နန်း​တော်​ကိုသွားရာလမ်း
တစ်​​လျှောက်​မှာပြည်​သူ​တွေက​သောင်း​သောင်းဖျဖျ ​ကောင်းချီး​သြဘာ​ပေး​နေကြသည်​။

"သူတို့ကိုကြည့်​လိုက်​ပါဦး Taeng!ပြည်​သူ​တွေနင့်​ကိုတကယ်​​လေးစားကြတယ်​!နင်​မိန်းက​လေးမှန်းသိ​နေတာ​တောင်​ ​ကောင်​မ​လေး​တွေနင့်​ကို​ကြွေ​နေကြတာ"

အချစ်​ဆုံးသူငယ်​ချင်းတဖြစ်​လဲ Taeyeon အားကိုးရတဲ့စစ်​သူကြီး Kwon က​ဘေးချင်းလျက်​မြင်း​ပေါ်က​နေလှမ်း​ပြောသည်​။

"အနည်းဆုံး​တော့ သူတို့နဲ့တစ်​​ခါ​လောက်​​တော့အိပ်​ဖြစ်​​အောင်​နင်​ကြိုးစားသင့်​တယ်​ Taeng ရာ!အရမ်းခံစားလို့​ကောင်း
တာဟ"

လိ​ပ်​ပြာ​လေးရဲ့အချစ်​ပုံပြင်​Where stories live. Discover now