အတူမနေဖြစ်တာ လချီကြာနေပြီဖြစ်သော အချိန်
အခါတွင် ချန်း လိုချင်တယ်ဆို အကောင်းဆုံးကို
သာ ပေးချင်သည်။ Detoxသောက်ပြီးမှ အူလမ်း
ကြောင်းထဲမှ အစာဟောင်းများ ကုန်စင်ပြီး
သန့်ရှင်းသွားသည်ဟု ထင်သည့်
နောက် ဒီနေ့အတွက် အာဟာရက ရေသောက်
ခြင်းသာ တတ်နိုင်တော့သည်။

ထိုကိစ္စဖြစ်ဖို့ ဖန်တီးပေးထားသော အဂါင်္မဟုတ်
ပဲ ခန္ဓာကိုယ်မှ မလိုအပ်တော့သည်များကိုသာ
အပြင်ဖက်ရောက်အောင် ပို့ဆောင်ပေးသော
လမ်းကြောင်းဖြစ်နေသည်မို့ သန့်ရှင်းနေဖို့က အဓိကလိုဖြစ်နေသည်။

"အသဲရာ ပေါင်မုန့်တစ်ချပ်လောက်တော့ စားထားပါ..."

နန္ဒဆိုတဲ့ တစ်ကောင်ကိုတော့ ကျတော်မနိုင်။
ရှက်နေလည်း အပိုပဲ။ ကျတော်ခေါင်းခါရင်း
ရေတစ်ကျိုက်သာ ထပ်မော့သောက်တော့
သူခေါင်းတခါခါနဲ့...

"မင်း ကို ချန်းက ဝိုင် သောက်ရအောင်ပဲပြောတာ
လေ။ ပြင်ဆင်ထားလို့ပြောတာမှ မဟုတ်တာ
သူတောင် ပြင်ဆင်ထားရင် ထားမှာ..."

ကျတော် မျက်လုံးပြူးပြီးဟန့်လိုက်မှ ငြိမ်ကျသွား
သည်။ နန္ဒ အတ္တက ခါတလေ ရယ်စရာကောင်း
သည်။ သူက ကျတော့်ကိုပဲ winnerဖြစ်စေ
ချင်တာ။ ချန်း သူ့ရှေ့ဘယ်လောက် ယောကျာ်း
ဆန်နေပါစေ။ ချန်းသည်သာဖြစ်သင့်သည်ဟု
ပြောဆိုတတ်မြဲ။

"တစ်ကိုယ်တော်နွှဲမှ အားမရှိပဲ..."

"ဟေ့ကောင်"

ဟန့်တော့မှ သူမဟုတ်သလို သူပဲမပြောလိုက်
သလိုနဲ့ coatအိတ်ကပ်ထဲလက်ထည့်ကာ ထွက်
သွားသည်။ သူ့ရှေ့ ဘာမှ လုပ်လို့မရအောင်
ကျတော်တို့ အတွဲအကြောင်း အကုန်သိနေသော ပုဏ္ဏားဝင်စားတဲ့ကောင်။ ချန်းကို ဆောင်ရန်
ရှောင်ရန်တွေ ဘယ်လိုပြောရကောင်းမလဲလို့
တိုင်ပင် ဆွေးနွေးတုန်းရှိသေးတယ်။
သူက ခေါ်ပြီး လိုအပ်တာတွေကော မလုပ်သင့်တာ တွေပါ ပြောလိုက်တယ်တဲ့။

ချန်း ကသူ့ဆီက ပြန်လာတော့ ကျတော့်တောင်သေချာမကြည့်တော့ဘူး။
ဘယ်လိုကောင်စားလဲဆိုတာ
သူ့ကိုဆို ဆရာကပါ မင်း OGပိုင်း သွားသင့်
တယ်လို့ ချီးကျူးရတဲ့ အထိ အဲ့ဖက်ပိုင်းတွေ
သူထူးချွန်တယ်။

EX-pectWhere stories live. Discover now