💕Hold on to the feelings💕Ch10

Start from the beginning
                                        

"အား...."ကျတော်နာလို့အော်လိုက်တယ်....

သူကျတော့်နားမှာထိုင်ပြီးပြောလိုက်တယ်...

"ဘာပဲဖြစ်ဖြစ်...ငါမင်းကိုပြောင်းလဲစေချင်ပေမယ့်...ငါဖြစ်စေချင်သလိုမပြောင်းလဲဘူး"သူပြောပြီး...ကျတော့်ကိုထပ်နမ်းလိုက်တယ်....

"ငါငါ့Mingကိုပြန်လိုချင်တယ်....ငါ့Mingကိုပြန်ပေးပါ..."သူကျတော့်ကိုနမ်းရင်းပြောလိုက်တယ်...

ဒါအိမ်မက်မဟုတ်တာသေချာသွားပြီ...ဘာလို့ဆိုသူကျတော့်နှုတ်ခမ်းကိုကိုက်တော့...ကျတော်နာကျင်မှုကိုခံစားလိုက်ရတယ်လေ....

P'Kitကျတော့်ကိုအငမ်းမရနမ်းလိုက်တယ်🙈🙈..သူဒီလိုကျတော့်ကိုနမ်းတာ...အရင်ကတခါမှမမြင်ဖူးဘူး...

"P'ကျတော့်ကိုခွင့်လွှတ်ပြီလား?"ကျတော်လည်းနမ်းရင်းပြန်မေးလိုက်တယ်...

ရုတ်တရက်သူနမ်းတာရပ်လိုက်ပြီး...ကုတင်စွန်းမှာသွားထိုင်နေလိုက်တယ်....

ကျတော်သူဘာလုပ်မလဲကြည့်နေမိတယ်....

သူခနကြာအောင်ငြိမ်နေတယ်...ကြည့်ရတာ...သူ့ကိုယ်သူပြင်ဆင်နေပုံပဲ....

"ငါမင်းကိုနာကျင်စေခဲ့တဲ့အချိန်တွေအတွက်...တောင်းပန်ပါတယ်....တကယ်တော့ငါ့နှလုံးသားကမင်းကိုအရင်ကတည်းက...ခွင့်လွှတ်ပြီးသားပါ...ငါမင်းနဲ့လမ်းခွဲဖို့ပြောရတာက....ငါ့မာနကငါ့ကိုစိုးမိုးနေလို့ပါ..."သူကျတော့်ကိုရှင်းပြတယ်....

ကျတော်ကလေးတယောက်လိုပဲ....အပြုံးအကြီးကြီး....ပြုံးလိုက်တယ်..

သူကျတော့်ကိုကြည့်နေတယ်

"ငါမင်းကိုခွင့်လွှတ်ပေးမယ်ဆိုတာ...ဘယ်လိုသိလဲ?"သူကျတော့်ကိုမေးလိုက်တယ်

"P'ကျတော့်ပေါ်မှာထားတဲ့ခံစားချက်တွေ...ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ...တချို့ရာတွေကပြောနေတယ်.."ကျတော်ပြန်ဖြေလိုက်တယ်

သူချက်ချင်း....ကျတော့်ကိုမျက်စောင်းထိုးကြည့်လိုက်တယ်...

"အခုP'ဘာအတွက်အရမ်းစိတ်ရှုပ်နေတယ်ဆိုတာ...ကျတော့်ကိုပြောပြအုံး....ကျတော်အရမ်းသိချင်နေပြီ..."ကျတော်တောင်းဆိုလိုက်တယ်...

"တကယ်တော့ငါ့မိဘတွေကြောင့်ပါ...သူတို့ကကွာရှင်းလိုက်ကြပြီလေ...ပြီးတော့ငါ့အမေကကွာရှင်းပြီးတော့...နောက်ယောက်ျားတယောက်နဲ့လက်ထပ်လိုက်တယ်....အဲ့နေ့ကမင်းအိပ်ပျော်နေတဲ့အချိန်တုန်းက...သူတို့ကွာရှင်းကြပြီဆိုတဲ့အကြောင်း.....ဖုန်းဝင်လာတယ်လေ...အဲ့အချိန်တုန်းက...ငါအဲ့အကြောင်းတွေကိုပြောဖို့အဆင်သင့်မဖြစ်သေးဘူး....ဘာလို့ဆို..ငါဒိ်ကိစ္စကိုလုံးဝလက်မခံနိုင်သေးဘူးလေ....ငါငါ့မိဘတွေကိုအရမ်းချစ်တယ်....ပြီးတော့သူတို့ကိုလည်းနှစ်ပေါင်းအကြာကြီးအတူနေစေချင်တယ်...ရုတ်တရက်သူတို့ကွာရှင်းတဲ့အကြောင်းနဲ့........အမေလက်ထပ်တော့မယ်အကြောင်းကိုငါကြားလိုက်ရတော့....ငါနှလုံးသားတခုလုံးနာကျင်လာတယ်....ငါအရာအားလုံးကိုဆုံးရှုးလိုက်ရသလိုပဲ...."သူကျတော့်ကို...ရှင်းပြရင်း....သူမျက်လုံးထဲကမျက်ရည်တွေစီးကျလာတယ်....

ကျတော်သူ့ကိုဖက်လိုက်တယ်....
"အရင်ကကျတော်သိခဲ့မယ်ဆိုရင်..."ကျတော်တိုးတိုးလေးပြောလိုက်တယ်....

"ငါ...ငါ့အမေနဲ့တခြားယောက်ျားတယောက်လက်ထပ်မှာကို...ငါတကယ်တားချင်ခဲ့တယ်....ဒါပေမယ့်ငါမလုပ်နိုင်ဘူး...ငါ့မေမေပျော်ရွှင်တာကိုပဲလိုချင်တယ်.....ဒါပေမယ့်မေမေငါတို့နဲ့ထပ်ပြီးအတူမနေတော့ဘူး...."သူပြောရင်း....ကျတော့်ရင်ခွင်ထဲမှာငိုနေတယ်....

"It's...OK...P'....အားလုံးကသူ့အကြောင်းနဲ့သူဖြစ်လာတာပဲလေ....P'ဒီအကြောင်းကိုအများကြီးစဉ်းစားမနေပါနဲ့...P'အခုထိP'အမေနဲ့တွေ့လို့ရသေးတာပဲ..."ကျတော်သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်...

ကျတော်တို့အချိန်တော်တော်ကြာတဲ့ထိ...တယောက်နဲ့တယောက်ဖက်ထားကြတယ်...

ထိုအချိန်ရုတ်တရက်....ကျတော့်ဖုန်းမြည်လာတယ်..ဖုန်းကိုကြည့်လိုက်တော့...ကားဝပ်ရှော့ကဖြစ်နေတယ်...ကျတော်သူ့ကိုဖက်ထားရင်းပဲ...ဖုန်းဖြေလိုက်တယ်...

"P'သူတို့P'ကားကိုယူလာပြီတဲ့..."ကျတော်ပြောလိုက်တယ်....

"ငါဂရုမစိုက်ဘူး....ကျေးဇူးပြုပြီး...ငါဒီလိုလေးပဲခနလေးနေချင်သေးတယ်..."သူကလေးတယောက်လို...အကျယ်ကြီးအော်ပြောလိုက်တယ်....

"P'....P'ရူးနေလား...?...P'မသွားချင်ဘူးဆိုရက်လည်း...ကျတော်သွားလိုက်မယ်လေ....ကျတော်သူတို့ကိုပိုက်ဆံပေးပြီးလိုက်ပို့ပေးပြီးတာနဲ့...ချက်ချင်းပြန်လာခဲ့မယ်နော်...ပြီးရင်ကျတော်တို့အပြင်မှာတခုခုသွားစားကြမယ်လေ.."ကျတော်ပြောပြီးထွက်ခဲ့တယ်....

ကျတော်အရမ်းပျော်တယ်....အခုဆိုအားလုံးကအရင်လိုပုံမှန်ပြန်ဖြစ်လာပြီလေ....

Chapter /11/ is coming..........

ကဲအခုအဆင်ပြေသွားပါပြီ😁😁
ဆွိလို့ရပြီနော်...😍

Thx for reading & voting ❤

💕Hold on to the feelings💕(Completed)Where stories live. Discover now