💕Hold on to the feelings💕Ch10

2.3K 145 1
                                        

💕Hold on to the feelings💕
Chapter /10/

ကျတော်ဒီရက်တွေမှာပုံမှန်အတန်းမတက်ဖြစ်ဘူး...ဘာလို့ဆိုကျတော်အသည်းကွဲနေတယ်လေ..😭

အဲ့နေ့ပြီးတော့ကျတော်အရမ်းပြောင်းလဲသွားတယ်...ကျတော်ဘယ်လိုပဲခက်ခဲခက်ခဲကြိုးစားခဲ့ပေမယ့်...ပြန်မရနိုင်တော့ဘူး...ကျတော်ဘယ်မှလဲမသွားဘူး...ဘယ်သူနဲ့မှလဲစနောက်မနေတော့ဘူး...ကျတော့်ကမ်ဘာကိုဆုံးရှုံးလိုက်ရသလိုပဲ....

ကျတော့်ရဲ့နာကျင်နေတဲ့ဒဏ်ရာတွေကို...ဘီယာနဲ့ပဲဖြေရှင်းနေတယ်....

"Ai'Ming....အခုအပြင်ထွက်ခဲ့...ငါမင်းကိုအထဲမှာကြီးပဲမနေစေချင်ဘူး..."Yoအပြင်ကနေအော်နေတယ်...

"ဒီနေ့ငါမင်းကိုငါနဲ့အတူခေါ်သွားမယ်...အခုတံခါးလာဖွင့်"သူထပ်ပြောတယ်...

ကျတော်အိပ်ရာပေါ်ကထပြီး...Yoကိုတံခါးသွားဖွင့်ပေးလိုက်တယ်...

အခုတလော...အိပ်တာကကျတော်လုပ်နိုင်တဲ့အရာပဲ...ဘာလို့ဆိုအိပ်တာကကျတော့်ကို...ဘာမှမတွေးမိစေနိုင်ဘူးလေ...ကျတော်အိပ်နေတဲ့အချိန်မှာ...ကျတော်နာကျင်တာတွေကိုမခံစားရတော့ဘူးလေ..

"Ming...အဝတ်စားလဲလိုက်...ငါတို့လမ်းလျှောက်သွားကြမယ်...မင်းကိုယ်မင်း..ဒီမှာပဲသော့ခတ်မထားနဲ့"Yoကျတော့်ကိုအမိန့်ပေးလိုက်တယ်...

Yoကကျတော့်အတွက်တကယ်ကိုသူငယ်ချင်းကောင်းတယောက်ပါပဲ....အမြဲတမ်းကျတော့်ကိုလိုက်ကြည့်ပေးပြီး...ကျတော့်ကျန်းမာရေးကိုစိတ်ပူပေးတယ်...

"အမ်....ငါ့ကို၅မိနစ်လောက်အချိန်ပေး..."ကျတော်ပြောပြီး...ပျင်းရိပျင်းတွဲနဲ့အဝတ်ဗီဒိုဆီသွားလိုက်တယ်...

ကျတော်အခုချိန်မှာအပြင်သွားသင့်တယ်လို့...ကျတော်လည်းထင်ပါတယ်....

Yoနဲ့ကျတော်....ကားပါကင်ဆီလမ်းလျှောက်နေတဲ့အချိန်...P'Kitနဲ့P'Beamတို့လာနေတာကိုတွေ့လိုက်တယ်...သူတို့ကျတော်တို့ကိုကျော်သွားတယ်...P'Beamကတော့ခေါင်းနည်းနည်းငုံ့ပြီး...ကျတော်တို့ကိုပြုံးပြသွားတယ်...ဒါပေမယ့်P'Kitကတော့ရုပ်တည်နဲ့ပဲ....

ဒါကရယ်ရတယ်....ကျတော်တို့အရင်ကဘယ်လောက်တောင်ရင်းနှီးလိုက်လဲ....အခုတော့လုံးဝသူစိမ်းတွေလိုပဲ...အခုကျတော်တို့ပုံစံတွေကသူစိမ်းတွေလိုပါပဲ...

💕Hold on to the feelings💕(Completed)Where stories live. Discover now