💕Hold on to the feelings💕Ch 3

2.8K 180 2
                                    

💕Hold on to the feelings💕
Chapter /3/

မတူညီတဲ့အရာနှစ်ခုကနေ....ဆက်ဆံရေးတွေ...အချစ်တွေဖြစ်လာတာပါပဲ...တချို့လူတွေက...အချစ်ကြောင့်မဟုတ်ပဲ...သူတို့လိုချင်တာရှိလို့ဆက်ဆံကြတယ်....တချို့လူတွေကတော့အချစ်တခုတည်းအတွက်ကြောင့်ပဲ....ကျတော်တို့အချစ်တွေက...တကယ်ကိုလှပပြီး...ပြီးပြည့်စုံလို့ကျတော်ဝမ်းသာမိတယ်...

အခုဆိုကျတော်နဲ့P'Kitတွဲနေတာ....ငါးရက်တောင်ရှိသွားပြီ....ပြီးတော့သူ့အပေါ်မှာထားတဲ့ကျတော့်ခံစားချက်တွေက...သေချာသွားပါပြီ...ကျတော်ဘယ်တော့မှ...သူအပေါ်မှာထားရှိတဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီး...သံသယမရှိပါဘူး...ဒါပေမယ့်...P'Kitကတော့ဘယ်လိုလဲမသိဘူး....သူလဲကျတော်နဲ့ထပ်တူကျပါစေလို့မျှော်လင့်ပါတယ်...

အခုတော့အားလုံးကအဆင်ပြေပါတယ်...ကျတော်တို့ဒီရက်ပိုင်းအတွင်းမှာ...တခြားသူတွေကိုပြောဖို့စဉ်းစားထားတယ်...ဒါတွေမယ့်....ကျတော်တို့ရဲ့အချစ်တွေကို...ဖုံးကွယ်ထားရင်တောင်....သူတို့သိမယ်လို့ထင်တယ်....

ကျတော်တို့ရဲ့ပူပူနွေးနွေးချစ်သူဘဝက....သာယာနေပါတယ်....တနေ့မှာ...ပြဿနာတွေ...အတားဆီးတွေပေါ်လာနိုင်ပါတယ်...ဒါပေမယ့်...ဒီလိုဖြစ်လာရင်တောင်...ကျတော်တို့ကိုခွဲလို့မရပါဘူး...ကျတော်တို့အချစ်တွေက....ဘယ်လိုပဲဖြစ်ဖြစ်...ပျက်ပြယ်သွားမှာမဟုတ်ပါဘူး....

အခုကျတော်ကမ်းခြေမှာ...နေပူဆာလှုံနေတယ်...ဒီနေ့ကျတော်အတန်းမရှိဘူးလေ...ပြီးတော့P'Kitလည်း...ကျတော့်နားမှာမရှိဘူး....ကျတော်သူ့ကိုအရမ်းလွမ်းနေတယ်....P'Kitက....P'Phaတို့P'Beamတို့နဲ့...သူတို့projectအသစ်တွက်...အချက်လက်တွေစုဆောင်းဖို့ထွက်သွားကြတယ်....ပြီးတော့Yoကလည်း....အတန်းပျက်လို့မရဘူးတဲ့လေ...အနားမှဘယ်သူမှမရှိတာတကယ်ပျင်းဖို့ကောင်းတာပဲ...ဒါပေမယ့်....တခါတလေကျတော့လည်းတယောက်တည်းနေတာ...ကောင်းပါတယ်...

ကျတော့်အတွေးတွေရပ်သွားတယ်....
"ဒီမှာရှင့်!!....ရှင်အဆင်ပြေရင်....ကျမတို့ကိုဓာတ်ပုံရိုက်ပေးလို့ရမလား?"မိန်းကလေးတချို့ကျတော့ဆီလာပြီး...မေးလိုက်တော့...ကျတော်လည်းအသိပြန်ဝင်သွားတယ်....

💕Hold on to the feelings💕(Completed)Where stories live. Discover now