💕Hold on to the feelings💕 Ch7

2K 120 6
                                    

💕Hold on to the feelings💕
Chapter /7/

နောက်တနေ့မနက်....ကျတော်နိုးလာတော့...P'Kitကျတော့်ဘေးမှာမရှိဘူး....

ကျတော်အိပ်ရာပေါ်ကထလိုက်ေeတာ့....ရေချိုးခန်းထဲကထွက်လာတဲ့P'Kitကိုတွေ့လိုက်တယ်...

"GoodMorning.....P'"ကျတော်သူ့ကိုပြုံးပြပြီး....ပြောလိုက်တယ်....

သူဘာမှပြန်မပြောပဲ....အဝတ်ဗီရိုဆီလျှောက်သွားတယ်....သူ့ကြည့်ရတာစိတ်နဲ့လူနဲ့မကပ်သလိုပဲ...ကျတော်အိပ်ပျော်နေတဲ့အချိန်မှာ....တခုခုများဖြစ်တာလားမသိဘူး....

"P'ဘာဖြစ်နေတာလဲ....?"ကျတော်သိချင်စိတ်နဲ့မေးလိုက်တယ်....

"ဘာမှမဖြစ်ဘူး...ငါအတန်းကိုအရင်သွားနှင့်တော့မယ်...မင်းလည်းအခုအခန်းပြန်တော့လေ...ဒီနေ့အတန်းရှိတယ်မလား...?"သူ...သူ့အဝတ်စားဝတ်ရင်းပြောလိုက်တယ်....

"အင်း...ဒါဆိုကျတော်အခုသွားတော့မယ်....ဒါပေမယ့်...ကျတော်morning...kissလေးတော့ပေးခဲ့ပါရစေ"...ကျတော်ပြောပြီး...သူ့ဆီသွားလိုက်တယ်..

ဒါပေမယ့်...သူကျတော့်ကိုရပ်ခိုင်းလိုက်တယ်...
"ငါနေလို့သိပ်မကောင်းဘူးMing...အခုသွားတော့.."သူပြောလိုက်တယ်....

'သူဘာဖြစ်နေတာလဲ?သူကျတော့်ကိုမနေ့ညကကိစ္စစိတ်ဆိုးနေတာလား?'
ဒါပေမယ့်....ကျတော်သူ့ကိုမမေးရဲဘူး....
ကျတော်လည်းဘာမှမပြောပဲ...သူ့အခန်းထဲကထွက်ခဲ့ပြိ်း...အတန်းသွားတက်ဖို့ပြင်လိုက်တယ်....

အခုနေ့လည်စားစားချိန်တောင်ရောက်ပြီ...ကျတော်P'Kitကိုနေ့လည်စာလာစားတာလဲမတွေ့ဘူး...သူဘယ်ရောက်နေတာလဲ...ကျတော်သိချင်မိတယ်...

"P'Pha....P'Kitဘယ်မှာရှိလဲဆိုတာသိလား?..."ကျတော်Yoဘေးမှာထိုင်ပြီးရယ်ရယ်မောမောနဲ့...စကားပြောနေတဲ့P'Phaကိုမေးလိုက်တယ်....

"သူ...ပါမောက္ခနဲ့ပြောစရာရှိတယ်လို့ငါတို့ကိုပြောတယ်..."P'Phaပြန်ပြောတယ်....

"အင်း"...

ပြီးတော့ကျတော်လည်း....ထိုင်ရာကထပြီးP'Kitကိုသွားရှာလိုက်တယ်...

P'Kitအတန်းထဲမှာတယောက်ထဲထိုင်နေတယ်....သူတခုခုကိုလေးလေးနက်နက်တွေးနေပုံပဲ....

💕Hold on to the feelings💕(Completed)Where stories live. Discover now