💕Hold on to the feelings💕 Ch5

2.5K 144 0
                                    

💕Hold on to the feelings💕
Chapter /5/

အခုချိန်ထိ...ကျတော်တို့ဘဝမှာ...နေ့ရက်တိုင်းပေါ့ပေါ့ပါးပါးဖြတ်သန်းလာခဲ့တယ်....တကယ်လို့ဖြစ်နိုင်မယ်ဆို....ကျတော်နေ့ရက်တိုင်း...အချိန်တိုင်း...စက္ကန့်တိုင်းကိုP'Kitနဲ့ပဲကုန်ဆုံးချင်တယ်...

အခုဆို...သူတို့ကိုကျတော်တို့အကြောင်းပြောလိုက်တာ...တပတ်လောက်တော့ရှိပြီ...ကျတော်တို့မပြောခင်ကတည်းက...သူတို့ကကျတော်တို့အကြောင်းကြိုသိနေသလိုပဲ....သူတို့ကိုပြောလိုက်တော့...သူတို့မအံ့ဩသွားကြပါဘူး...

***နောက်ကြောင်းပြန်သည်***
"Ai..Kit,Ming.....မင်းတို့အတူမလာလောက်တော့ဘူးလို့...ငါတို့ထင်နေတာ"P'Beamကသူတို့ရှေ့မှာရပ်နေတဲ့...ကျတော်တို့ကိုကြည့်ပြီးပြောလိုက်တယ်...

"ငါတို့...မင်းတို့ကိုပြောစရာရှိတယ်"P'Kitကျတော့်ကိုကြည့်ပြီးပြောလိုက်တယ်...

"ဘာကိုလဲ?"P'Phaမေးလိုက်တယ်...

P'Forthကကျတော်တို့ကို...မင်္သကာစရာမျက်လုံးနဲ့ကြည့်နေတယ်..

P'Kitကျတော့်ကိုကြည့်နေတုန်းပဲ...ကြည့်ရတာသူကျတော့်ကိုပြောစေချင်တယ်ထင်တယ်...

"P'Kitနဲ့ကျတော်...အတူနေနေကြပြီ"ကျတော်ပါးစပ်က...လွှတ်ခနဲပြောလိုက်မိတယ်...

အဲ့အချိန်မှာ...သူတို့တယောက်နဲ့တယောက်ခေါင်းကုတ်ပြီး...ကြည့်နေကြတယ်...ကြည့်ရတာတခုခုကိုမေးချင်နေပုံပဲ...ဒါပေမယ့်တယောက်မှမမေးကြဘူးဒါဟာတကယ်ကို...ကမောက်ကမဖြစ်စေတယ်...

"ချစ်သူတွေလိုလား?.."နောက်ဆုံးတော့...P'Beamလည်းမေးလိုက်တယ်...

ကျတော်ငြိမ်နေတယ်...သူတို့ရဲ့တုံ့ပြန်မှုကို...မြင်ဖို့ကြောက်နေမိတယ်...P'Kitကသူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတာ...ကျတော်သိပါတယ်...ဒါပေမယ့်...ကျတော်ကြောက်နေတာက...ကျတော်ကP'Kitနဲ့မသင့်တော်ဘူးလို့...သူတို့တွေးနေမှာကိုပဲ...

"ဒါအကုန်ပဲလား?"အဲ့ချိန်မှာP'Phaထပ်မေးလိုက်တော့...ကျတော်သူ့ကိုကြည့်လိုက်တယ်...ကြည့်ရတာစိတ်ရှုပ်နေပုံပဲ...

"ဒီမှာ....ငါတို့ဒါကိုသိနေပြီးသာ...ငါတို့ကမင်းတို့ပြောတာကိုကြားချင်နေတာ..."P'Phaပြောလိုက်တယ်..

💕Hold on to the feelings💕(Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα