💕Hold on to the feelings💕Ch10

Start from the beginning
                                        

ကျတော့်ဘဝမှာ....ဒီလိုမျိုးဘာမှမပြောပဲတိတ်ဆိတ်ငြိမ်သက်နေတာမျိုး...တခါမှမကြုံဖူးဘူး....ကျတော်တို့နှယောက်လုံးအဆောင်ပြန်ရောက်တဲ့ထိဘာစကားမှမပြောကြဘူး...

ကျတော်တို့အဆောင်ပြန်ရောက်တော့...ကျတော်စက်ပြင်ဆရာဆီဖုန်းခေါ်ပြီး...P'Kitကားဘယ်နေရာမှာရှိလဲဆိုတာပြောပြီး...ဖုန်းချလိုက်တယ်...

P'Kitကျတော့်ကိုစိုက်ကြည့်နေတယ်....

"သူတို့ပြောတယ်...သူတို့ဒီကိုခနနေရောက်လာလိမ့်မယ်...သူတို့ရောက်လာရင်P'သူတို့ကိုကားသော့ပေးလိုက်ပါ....သူတို့ကားပြင်ပြီးသွားရင်ဒီကိုပြန်ပို့ပေးလိုက်မယ်....ဒါဆို...အခုကျတော်သွားတော့မယ်နော်"ကျတော်သူ့ကိုပြောပြပြီး...ဖြေးဖြေးချင်းလှည့်ထွက်သွားလိုက်တယ်......ပြီးတော့ကျတော်သူ့ကိုပြုံးမပြခဲ့ပါဘူး...ကျတော်နောက်ထပ်ထပ်မပြုံးချင်တော့ဘူး...😔😔

------------------------
ကျတော်ရေချိုးပြီးတော့တွေ့တဲ့အဝတ်စားကောက်ဝတ်ပြီး...အိပ်ရာပေါ်မှာကျတော်လှဲပြီး...သက်ပြင်းချလိုက်တယ်....

ရုတ်တရက်....လေတိုက်တော့.....ကျတော့်တံခါးကပွင့်လာတယ်....အဲ့ချိန်...တံခါးရှေ့မှာကျောင်းဝတ်စုံနဲ့ရပ်နေတဲ့P'Kitကိုတွေ့လိုက်တယ်....

"P'ဒီမှာဘာလုပ်....."ကျတော်ထိုင်ရာကနေထဖို့လုပ်လိုက်တယ်....အဲ့ချိန်မှာP'Kitရုတ်တရက်ဝင်လာပြီး...ကျတော့်ပေါ်ကိုခုန်ဖက်လိုက်တယ်....

"မင်းဘယ်သူလဲ?..."သူကျတော့်လက်မောင်းတွေကြားထဲကနေ...ကျတော့်ပခုံးကိုလှမ်းဖက်ပြီးပြောလိုက်တယ်....

"P'ဘာလုပ်မလို့...."ကျတော်သူ့ကိုမေးဖို့စကားတောင်...မဆုံးသေးခင်.....ကျတော့်နှုတ်ခမ်းတွေအပေါ်...သူ့နှုတ်ခမ်းတွေကရောက်လာတယ်...

ဒါဘာဖြစ်နေတာလဲ?ငါအိမ်မက်များမက်နေတာလား?P'Kitငါ့ကိုဘာလို့နမ်းတာလဲ?ကျတော်အရူးလိုပဲလျှောက်တွေးနေမိတယ်....ဘာပဲဖြစ်ဖြစ်...ဒါကအိမ်မက်ဆိုရင်တောင်ကျတော်...သဘောကျတယ်...

ဒါကြောင့်ကျတော့်နှုတ်ခမ်းတွေလည်းသူ့ကိုပြန်နမ်းလိုက်တယ်....ရုတ်တရက်...သူကျတော့်နှုတ်ခမ်းကိုကိုက်လိုက်တယ်....

💕Hold on to the feelings💕(Completed)Where stories live. Discover now