💕Hold on to the feelings💕 Ch9

ابدأ من البداية
                                        

သူကျတော်တံခါးဆောင့်ပိတ်လိုက်တဲ့အသံကြောင့်လန့်သွားတယ်....

ကျတော်သူ့ကိုစိုက်ကြည့်လိုက်တယ်....သူကျတော့်ကိုမြင်မြင်ချင်း...လန့်သွားရာကနေစိတ်တိုသွားတယ်...

"ဘာလဲကွာ!!!!မင်းအခုငါ့နောက်ကိုလိုက်လာတာလား?..."သူကျတော့်ကိုအော်ပြီး...ကျတော့်နားတိုးလာတယ်...
ရုတ်တရက်ကျတော်လည်း....သူ့လက်မောင်းကိုလှမ်းဆွဲလိုက်တော့...သူရုန်းလိုက်တယ်...ကျတော်လည်းသူ့လက်မောင်းကိုမလွှတ်ဘဲဆွဲထားလိုက်တယ်........

"P'ဘာလို့ကျတော့်ကိုဒီလိုလုပ်နေတာလဲ...."ကျတော်သူ့နားနားလေးကိုတိုးပြီး...အသည်းကွဲနေတဲ့သူတယောက်ရဲ့...အသံနဲ့ပြောလိုက်တယ်...
ကျတော်အခုချိန်မှာတကယ်ငိုချင်နေတယ်....ဒါပေမယ့်... ကျတော်သူ့ရှေ့မှာအားနည်းတဲ့ပုံမပြချင်ဘူး...

ကျတော်သူ့မျက်လုံးနဲ့နှုတ်ခမ်းတွေကိုသေချာစိုက်ကြည့်ပြီး....သူဘာပြောမလဲဆိုတာကိုစောင့်နေမိတယ်...ကျတော်တို့နှယောက်လုံးရဲ့...မျက်နှာတွေအရမ်းကိုနီးကပ်နေပြီ....လက်မလောက်အကွားအဝေးပဲရှိတော့တယ်....ကျတော့်ခေါင်းသာရှေ့နည်းနည်းတိုးလိုက်မယ်ဆို...ကျတော်တို့နမ်းမိသွားကြလိမ့်မယ်..

"ဘာလို့ဆို....ငါမင်းကိုအချိန်တိုင်းကြည့်လိုက်ရင်လည်း...အမြဲတမ်းဒေါသထွက်မိတယ်...ငါအဲ့နေ့ညကိုသတိမရချင်ပေမယ့်လည်း...သတိရနေမိတယ်...ငါမင်းကိုခုထိခွင့်လွှတ်ဖို့အဆင်သင့်မဖြစ်သေးဘူး...."သူကျတော့်ကိုပြန်ပြောလိုက်တယ်....

ကျတော်သက်ပြင်းချလိုက်မိတယ်.....

"ကောင်းပြီ!...ဒါပေမယ့်အနည်းဆုံးတော့...ကျတော်P'ရဲ့ပြဿနာကိုသိသင့်တယ်လေ....P'ဘာဖြစ်နေတယ်ဆိုတာ...P'ကျတော့်ကိုဘယ်တော့မှမပြောဘူး.."ကျတော်ပြောလိုက်တယ်....

"ငါကဘာလို့မင်းကိုပြောပြရမှာလဲ?"သူကျတော့်ကိုပြန်မေးလိုက်တယ်...

"ဘာလို့ဆိုတော့.....P'ကျတော့်ကိုဒေါသထွက်နေရင်တောင်....အခုထိကျတော်ကP'ရဲ့ချစ်သူပဲလေ"ကျတော်ပြန်ပြောလိုက်တယ်....

"အဲ့လိုလား?...ဒါဆိုငါတို့အခုလမ်းခွဲကြရအောင်...ငါတို့အခုပြီးပြီ...."သူပြောလိုက်တယ်....ကျတော့်နှလုံးသားတွေတစစီကြွေမွသွားသလိုပဲ....

ကျတော်ဆွဲထားတဲ့သူ့လက်မောင်းကို....ဖြေးဖြေးချင်းလွှတ်လိုက်တယ်....ကျတော်သူ့ပါးစပ်ကထွက်လာတဲ့စကားတွေကိုကြားပြီး....အရမ်းလန့်သွားတယ်..

"ငါအခုမင်းကိုအားလုံးပြောပြဖို့လိုသေးလား?"ကျတော်ဆွဲထားလို့နာသွားတဲ့....သူ့လက်မောင်းနေရာကို...ပွတ်ရင်းပြောလိုက်တယ်...

ကျတော်ခုထိသူပြောတဲ့စကားတွေကို...အံ့ဩနေမိတယ်.....
သူကတော့....ဘာမှမပြောဘဲထွက်သွားတယ်....

ကျတော်အဲ့နေရာမှာပဲ....ကျောက်ရုပ်လိုရပ်နေမိတယ်....အခုဖြစ်နေရတာတွေတကယ်ပဲလား...ကျတော်နာကျင်နေရတယ်...

ပြီးတော့...ကျတော့်စိတ်ကိုပြန်စုစည်းပြီးတော့...အဲ့နေရာကထွက်ခဲ့ပြီး...ကားဆီကိုလာခဲ့တယ်...ကျတော်အဲ့နားမှာပဲအကြာကြီးရပ်ပြီး....မစဉ်းစားချင်ဘူး....

ကျတော်ကားထဲရောက်တော့....ကျတော်နှလုံးသားတွေတစစီကြွေမွသွားစေတဲ့...အရာတခုကိုတွေ့လိုက်ရပြန်တယ်....

P'Kit.....တခြားသူတွေနဲ့စကားပြောတာ...ကျတော်အရင်ကတခါမှမမြင်ဖူးဘူး....သူတို့တကားထဲစီးပြီးတော့တောင်...ထွက်သွားကြသေးတယ်....

'သူဘာလို့...ဒီလိုလုပ်တာလဲ....?'ကျတော်ကိုယ့်ဘာသာတွေးလိုက်တယ်....

ရုတ်တရက်ကျတော့်ဒူးခေါင်းတွေအားလျော့လာပြီး....တယောက်ယောက်ကကျတော့်နှလုံးသားကို....ဓားနဲ့အချက်ပေါင်းများစွာ...ထိုးနေသလိုခံစားလာရတယ်...

ကျတော့်ဘဝကတော့အဆုံးသတ်သွားပြီ.....

Chapter /10/ is coming..............

ရေးရင်းရေးရင်း...ကိုယ်တိုင်တောင်
ဘယ်သူ့ကိုသနားရမလဲမသိတော့ပါဘူး😭😭
ဒီနေ့လည်း မဆွိနိုင်သေးပါဘူး😢😢

Thx for reading & voting. ❤❤

💕Hold on to the feelings💕(Completed)حيث تعيش القصص. اكتشف الآن