💕Hold on to the feelings💕 Ch5

Start from the beginning
                                        

ကျတော်အဲ့အချိန်P'Kitကိုလှည့်ကြည့်လိုက်တယ်...ဘာလို့ဆိုသူဘာမှမပြောပဲ...ငြိမ်နေတာလေ...ပြီးတော့သူ့ပုံစံကရယ်ချင်စရာဖြစ်နေတယ်...သူ့ပါးစပ်ကအနည်းငယ်ဖွင့်ထားတယ်...

"P'KitKat...ဘာမှပြောစရာမရှိဘူးလား?"ကျတော်မေးလိုက်တယ်.....

"ဒါတွေကမင်းပြင်ဆင်ထားတာတွေလား"သူမေးလိုက်တယ်.....

"အင်း...ဟုတ်တယ်...Yoရဲ့အကူညီနဲ့ပေါ့..."ကျတော့်လည်ပင်းကိုဖွဖွလေးကုတ်ပြီး...ပြောလိုက်တယ်"

"ငါဒါကိုတကယ်ကြိုက်တယ်....ဒါကငါ့ရဲ့အိမ်မက်ထဲကdateလိုပုံစံမျိုးပဲ...ငါတကယ်ကမ်းခြေနားမှာdateလုပ်ချင်ခဲ့တာ...ပြီးတော့မင်းကဒါကိုတကယ်ဖြစ်လာအောင်လုပ်ပေးခဲ့တယ်"P'Kitပြုံးပြီးပြောလိုက်တယ်...ပြီးတော့သူကျတော့်ပါးကိုနမ်းလိုက်တယ်...

သူကကျတော့်ထက်ပုတယ်လေ....အဲ့တော့သူခြေဖျားထောက်ပြီး...ကျတော့်ကိုနမ်းလိုက်တယ်...ဒါကတကယ်ချစ်ဖို့ကောင်းတာပဲ...ပြီးတော့P'Kitကိုယ်တိုင်ကလဲချစ်ဖို့ကောင်းတယ်...သူပုံစံကကျတော့်ထက်တောင်ပိုပျော်နေသလိုပဲ....

ကျတော်ထိုင်ခုံကိုဆွဲပြီး...သူ့ကိုထိုင်ခိုင်းလိုက်တယ်...ပြီးတော့ကျတော်...သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တယ်...

ပြီးတော့ကျတော်ကိုယ်တိုင်...စားစရာတွေထည့်ပေးလိုက်တယ်..သူပျော်ရွှင်ရွှင်နဲ့စစားလိုက်တယ်...

ကျတော်သူ့ကိုစိုက်ကြည့်နေမိတယ်...သူပုံစံက....ပုံမှန်ထက်အရမ်းလှနေတယ်...

သူကျတော်ကြည့်နေတာကိုမြင်လိုက်တော့...ကျတော့်ကိုကြည့်ပြီး...ပြန်ပြောလိုက်တယ်...

"ငါချောတာငါသိတယ်....မင်းငါ့ကိုကြည့်နေတာရပ်ပြီး....စားတော့လေ..ငါစားနေတဲ့အချိန်မှာ..ငါ့ကိုတယောက်ယောက်စိုက်ကြည့်နေတာ...တမျိုးကြီးပဲ..."

"ဒါတွေကိုP'ကြိုက်မယ်ဆို....ကျတော်ကျေးဇူးတင်ပါတယ်"ကျတော်သူ့ကို့ပြုံးပြီးပြောလိုက်တယ်...

"မင်းဒီလိုပြင်ဆက်ထားတာတွေက...ငါ့ကိုပျော်ရွှင်စေတဲ့အတွက်လဲ...ငါကျေးဇူးတင်ပါတယ်"သူပြန်ပြုံးပြပြီးပြောလိုက်တယ်...

ပြီးတော့ကျတော်တို့နှစ်ယောက်လုံးဆက်စားလိုက်ကြတယ်....

"P'Kitဒီစားစရာတွေကိုကြိုက်ရဲ့လား"ကျတော်ထပ်ပြောလိုက်တယ်....

"အင်း...ဒါတွေကတကယ်ကောင်းတယ်..."သူပြန်ပြောတယ်....

ကျတော်တို့စားပြီးတော့...ကမ်းခြေဘက်မှာလမ်းလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်....အချိန်က၆နာရီခွဲကျော်လောက်ရှိပြိ်ဆိုတော့...လူလဲသိပ်မရှိလောက်တော့ဘူးလေ...

ကျတော်တို့တယောက်လက်ကိုတယောက်တွဲပြီးလမ်းလျှောက်နေကြတယ်...ဒါကတကယ်ကိုသက်သောင့်သက်သာရှိတယ်....လေပြည်လေးတွေကကျတော့်ကိုပိုပြီး....သက်သောင့်သက်သာရှိစေတယ်...

"P'Kit...လေပြေလေးတွေကတကယ်ကောင်းတယ်မဟုတ်လား?"ကျတော်မေးလိုက်တယ်....

"အင်း....တကယ်ကိုသက်သောင့်သက်သာရှိတယ်"သူပြန်ပြောလိုက်တယ်...

"P'Kit....ကျတော်အဆောင်မပြန်ချင်တော့ဘူး"ကျတော်ထပ်ပြောလိုက်တယ်.....

"ဘာလို့လဲ?...ငါတို့ပြန်ရမယ်လေ...ဒီမှာကသက်သောင့်သက်သာရှိတယ်ဆိုပေမယ့်...ငါတို့ဒီမှာအိပ်လို့မရဘူးလေ..ဟုတ်တယ်မလား?"P'Kitပြောလိုက်တယ်....

အဲ့အချိန်ကျတော်ရယ်လိုက်မိတယ်...

"P'Kit....ကျတော်တို့အမြဲအတူရှိနေဖို့ကျတော်ဆန္ဒရှိတယ်...ပြီးတော့ဘယ်အရာကမှကျတော်တို့ကို...ခွဲလို့မရစေရဘူး...ပြီးတော့ကျတော်P'နဲ့အချိန်တိုင်းအတူရှိချင်တယ်...ကျတော်P'နဲ့အတူပျော်ရွှင်မှု...ဝမ်းနည်းမှုတွေမျှဝေချင်တယ်...ကျတော်တို့ရဲ့နေ့ရက်တိုင်းကလှပနေလိမ့်မယ်...ကျတော်P'ကိုချစ်တယ်"ကျတော်...သူ့လက်နှစ်ဖက်လုံးကိုကိုင်ပြီး...သူ့မျက်လုံးကိုသေချာကြည့်ပြီးပြောလိုက်တယ်....

သူ...သူ့ပါးချိုင့်တွေပေါ်အောင်ပြုံးလိုက်တယ်...ပြီးတော့...ခြေဖျားထောက်ပြီး...ကျတော့်ကိုနမ်းလိုက်တယ်...

"I love you too" သူကျတော့်ကိုပြောလိုက်တယ်...
ကျတော်သူ့မေးစေ့ကိုကိုင်ပြီး...ကျတော့်နှုတ်ခမ်းတွေက...သူ့နှုတ်ခမ်းကိုသွားနမ်းလိုက်တယ်....သူ့ဘက်ကလဲကျတော့်ကိုပြန်နမ်းလိုက်တယ်...

ဒီတခါအနမ်းကလည်း...တခြားအနမ်းတွေနဲ့မတူတဲ့အနမ်းမျိုးပါပဲ....ဘယ်အရာနဲ့မှဖော်ပြလို့မရဘူး...ဒီအနမ်းကရိုးရှင်းပြီး...နူးညံ့တယ်...ကျတော်တို့ရဲ့အချစ်တွေလည်းအများကြီးပါတယ်...

ဒီအချိန်လေးမှာ....ကျတော်အေးခဲသွားဖို့မျှော်လင့်တယ်....ဒီအချိန်ကိုရပ်တန့်ထားလိုက်ချင်တယ်..

Chapter/6/ is coming.......

Thx for reading & voting. ❤❤❤😘

💕Hold on to the feelings💕(Completed)Where stories live. Discover now