💕Hold on to the feelings💕Ch4

Start from the beginning
                                        

"အို...My....KitKat...ကျတော်ကဒီတိုင်းပဲမေးကြည့်တာပါ...ဘာလို့စိတ်ဆိုးသွားရတာလဲ?"ကျတော်နှုတ်ခမ်းစူပြီးမေးလိုက်တယ်....

သူဘာမှမပြောဘဲကျတော့်ထက်အရင်ကျော်လျှောက်သွားတယ်...ကျတော်သူ့နောက်ကနေ...တောက်လျှောက်လိုက်သွားရတယ်...

"Sorry...na..p'..p'.?"

သူရပ်သွားတယ်....
"ကောင်းပြီ....ဒါဆိုဟိုကိုသွားကြမယ်...."သူအရှေ့ကသစ်ပင်ကို...လက်ညှိးထိုးပြပြီးပြောလိုက်တယ်...
ကျတော်...ခေါင်းညိမ့်ပြလိုက်သည်....

"ဒီမှာထိုင်"
ကျတော်သူပြောသလို...ထိုင်လိုက်တယ်..

"ခြေထောက်ကားထား"
ကျတော်ခြေထောက်ကားလိုက်တယ်...အမ်...နေပါအုံး...ခြေထောက်ကားခိုင်းတယ်....သူဘာလုပ်မလို့ပါလိမ့်....

သူရုတ်တရက်ကျတော့်ဆီလာပြီး...ကျတော်ခြေထောက်ကြားမှာ...လာထိုင်လိုက်တယ်...

"အင်...ငါဒီမှာထိုင်ချင်တယ်..."သူပြောပြီး...ကျတော့်ကိုနောက်ကျောပေးလိုက်တယ်...

'အို...သူတကယ်ချစ်ဖို့ကောင်းတာပဲ....'ကျတော်...ကိုယ့်ဘာသာတွေးလိုက်မိပြီး...ကျတော့်လက်မောင်းက...သူ့ခါးလေးကိုသွားဖက်ထားလိုက်တယ်...ကျတော်သူ့ကိုတနေ့ထက်တနေ့ပိုချစ်လာမိတယ်...

ကျတော်တို့ဒီလိုပုံစံလေးမိနစ်ပိုင်းလောက်နေလိုက်တယ်....တယောက်နဲ့တယောက်အသက်ရှုသံကိုတောင်ကြားရပြီး...နွေးထွေးနေသလိုပဲခံစားနေရတယ်..

"Ming.."သူကျတော့်ကို...အသံတည်တည်ငြိမ်ငြိမ်နဲ့ခေါ်လိုက်တယ်...ဘာဖြစ်လို့လဲတော့...ကျတော်မရှင်းပြတတ်ဘူး...

"အင်း?"

"Ming..မင်းသိလား...လူတွေရဲ့...ခံစားချက်တွေကပြောင်းလဲတတ်တယ်...ငါတို့နှယောက်ရဲ့....ခံစားချက်တွေကကော...တနေ့မှာပြောင်းလဲသွားမှာလား?? ဒါဆိုငါတို့နှစ်ယောက်က ဝေးသွားကြရမှာလား??" သူကျတော့်ကိုမေးလိုက်တယ်....

ဒီမေးခွန်းကကျတော့်ကိုအရမ်းဝမ်းနည်းစေတယ်...သူကျတော်တို့အချစ်ကို...သံသယဖြစ်နေတာလား..ကျတော်သူ့ကိုအပြစ်မတင်ပါဘူး...သူပြောတာလဲမှန်တာပဲလေ...

"တကယ်လို့ဒီလိုဖြစ်လာရင်တောင် စိတ်မပူပါနဲ့ P'
ကျတော်P'ကို ထပ်ပြီးတော့ ကျတော့်ကို ချစ်လာအောင် လုပ်မှာပါ...ပြီးတော့ P'လည်း ကျတော်နဲ့ထပ်တူကျမယ်လို့ မျှော်လင့်ပါတယ်" ကျတော်ပြန်ဖြေလိုက်တယ်.....
"ကိစ္စမရှိပါဘူး...ကျတော်P'နဲ့အမြဲတမ်းအတူရှိနေမှာပါ"ကျတော်ထပ်ပြောလိုက်ပြီး...အနောက်ကနေသူရဲ့ပါးလေးတွေကို..နမ်းလိုက်တယ်....

အဲ့အချိန်...သူရုတ်တရက်ထိုင်ရာကထလိုက်ပြီး...သူ့လက်နဲ့ကျတော့်လက်ကိုလှမ်းဆွဲလိုက်ပြီး...သူပြောလိုက်တယ်.....

"သွားမယ်...ငါအားလုံးကိုငါတို့အကြောင်းပြောပြချင်တယ်..."

အဲ့အချိန်ကျတော်ပြုံးလိုက်တယ်...သူအဲ့လိုပြောလိုက်တော့...ကျတော့်ကိုတကယ်ပျော်ရွှင်စေတယ်...တခါတရံသူကျတော့်ကို....တကယ်အံ့ဩစေပါတယ်ဗျာ....

Chapter/5/ is coming.........

Thx for reading & voting 😘😘😘

💕Hold on to the feelings💕(Completed)Where stories live. Discover now