💕Hold on to the feelings💕Ch 3

Start from the beginning
                                    

ကြည့်လိုက်တော့...သူတို့ကမိန်းကလေးသုံးယောက်ပဲ...ကြည့်ရတာတခြားကျောင်းကဖြစ်မယ်ထင်တယ်...ဘာလို့ဆိုအရင်က...ဒီနားမှာသူတို့ကိုတခါမှမမြင်ဖူးဘူးလေ....သူတို့ကချစ်ဖို့ကောင်းသားပဲ....ဒါပေမယ့်...ကျတော့်KitKatကပိုချစ်ဖို့ကောင်းတယ်...

"ရတာပေါ့..."ကျတော်လည်းပြောပြီး....ထိုင်ရာကထပြီး....ဘောင်းဘီကသဲတွေကိုခါလိုက်တယ်..

အခုဆိုသူတို့တွေရိုက်နေတာ...အပုံ၅၀ကျော်နေပြိ်...ဒါတောင်မပြီးနိုင်ကြသေးဘူး....ကြည့်ရတာဒီမိန်းကလေးတွေ....ဓာတ်ပုံရိုက်တာကို...တော်တော်လေးဝါသနာပါကြပုံပဲ...'ဒါမှမဟုတ်...ကျတော်နားမှာအကြာကြီးနေချင်နေကြတာလား...ကျတော့်ကိုဆွဲဆောင်မလို့လေ'ကျတော့်ဘာသာတွေးပြိ်းရယ်လိုက်မိတယ်...(Mingရယ်တကယ်မလွယ်ပါလား😒😒)

ကျတော်ဒီမိန်းကလေးတွေကို...ပုံစံအမျိုးမျိုးရိုက်ပေးနေတုန်း...အဝေးကနေတယောက်ယောက်...ကျတော့်နာမည်ကိုခေါ်သံကြားလိုက်တယ်...

"အို...Ming....Ming...."

'ဒါP'Kitအသံမဟုတ်လား?'ကျတော့်ကိုယ့်ဘာသာမေးပြီး...အသံလာတဲ့ဘက်ကိုလှည့်ကြည့်လိုက်တယ်...ဟုတ်တာပေါ့...P'Kitပဲ....ဒါနဲ့သူကဘယ်တုန်းကပြန်ရောက်တာလဲ?...သူအနည်းဆုံးတော့ကျတော့်ကိုပြန်ရောက်တာ...ဖုန်းဆက်သင့်တယ်...
သူစိတ်တိုတိုနဲ့...ကျတော့်ဆီပြေးလာတယ်...သူဘာဖြစ်နေတာလဲ....ကျတော်မသိဘူး....

သူနောက်ဆုံးတော့ကျတော့်ရှေ့ကိုရောက်လာတော့...ကျတော်မေးလိုက််တယ်...
"အို...My..KitKatဘယ်တုန်းကပြန်ရောက်တာလဲ?"

သူပြန်မဖြေဘူး....ပြီးတော့သူကျတော့်ကိုသူနဲ့အတူဆွဲခေါ်သွားတယ်...သူတခုခုကြောင့်တကယ်စိတ်တိုနေတာပဲ....ဘာကိုစိတ်တိုနေတာပါလိမ့်...

အခုကျတော်တို့လူတွေနဲ့တော်တော်ဝေးတဲ့နေရာရောက်မှ...သူရပ်လိုက်ပြီးကျတော်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်...

"P'ဘာဖြစ်နေတာလဲ?"ကျတော်မေးလိုက််တယ်...ကျတော်သူရဲ့စိတ်တိုနေတဲ့မျက်နှာကိုမြင်ပြီးတကယ်လန့်နေတာ...

"မင်းဘာလုပ်နေလဲဆိုတာကောစဉ်းစားမိရဲ့လား?မင်းကဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူး...ဟုတ်တယ်မလား?"သူကျတော့်ကိုအော်ပြီးမေးလိုက်တယ်....

💕Hold on to the feelings💕(Completed)Where stories live. Discover now