💕Hold on to the feelings💕Ch2

ابدأ من البداية
                                        

"အဲ့လိုပြုံးတာတော်လောက်ပြီ....အဲ့အပြုံးကိုမင်းမျက်နှာပေါ်ကနေ...ရိုက်ချပစ်လိုက်ချင်တယ်...ပြီးတော့...မင်းကဘာလို့ဒီကိုရောက်နေရတာလဲ?"သူစိတ်ဆိုးဆိုးပြောနေတာတောင်...ချစ်ဖို့ကောင်းနေတုန်းပဲဗျာ...

"P'အခုချိန်မှာဒေါသမထွက်သင့်သေးဘူးလေ..P'တကယ်အားနည်းနေသေးတယ်"ကျတော်ပြောလိုက်တယ်...
"ပြီးတော့...ဘာလို့အခုလိုအားနည်းအောင်...ညညဘာလို့ကောင်းကောင်းမအိပ်တာလဲ?"ကျတော်မေးလိုက်ပြီ....

သူကျတော့်ကိုပြန်ကြည့်လိုက်တယ်....

"မင်းဘာလို့ဒီမှာရှိနေရတာလဲ?...လာပြီးဂရုစိုက်ပြမနေနဲ့..."သူ့အသံကအသဲကွဲနေတဲ့သူလိုပဲ...သူငိုနေတာလား?..

"P'ငိုနေတာလား?"ကျတော်သူနဲ့မျက်နှာချင်းဆိုင်နေပြီး...မေးလိုက်လေသည်....

"တော်တော့...ငါ့ကိုမကြည့်နဲ့...ငါငိုနေတာမဟုတ်ဘူး"သူ့မျက်နှာကိုလက်နဲ့ကွယ်ပြီး...ပြောလိုက်သည်..

"P'ပြောပါ...P'တကယ်ဘာဖြစ်နေတာလဲ"ကျတော်စိုးရိမ်တကြီးမေးလိုက်သည်...(အဲ့လောက်တောင်တုံးရသလားbroရယ်😂)

"ဒါတကယ်နာကျင်ရတယ်Ming....ဒီလိုခံစားမှုတွေက...ငါ့အတွက်တကယ်အသစ်ပဲ...အဲ့ခံစားချက်တွေကြောင့်...ညလဲကောင်းကောင်းအိပ်မပျော်ဘူး...ငါခံစားနေရတဲ့ခံစားမှုတွေကိုနားလည်နိုင်ဖို့...ကြိုးစားနေတာပဲ...ငါယောက်ျားလေးတယောက်နဲ့ပတ်သက်ပြီး....ဒီလိုခံစားမှုတွေကိုဘယ်တုန်းကမှမခံစားခဲ့ဖူးဘူး....ပြီးတော့...မင်းတခြားကောင်မလေးတွေနဲ့...ပရောပရည်နေတာမြင်တိုင်း....ငါတကယ်သဝန်တိုမိတယ်..."သူကျတော့်ကိုရှင်းပြတယ်....

"ဒါပေမယ့်...ငါဘာလို့မင်းကိုဒါတွေပြောနေရတာလဲ....မင်းဂရုမစိုက်မှာသေချာနေတာပဲကို..."သူထပ်ပြောလိုက်တယ်..

ဒါဆို....ဒါတွေကသူ့ကိုညဘက်အိပ်မပျော်တဲ့အကြောင်းအရင်းတွေလား...

ကျတော်....သူ့ကိုအငိုတိတ်အောင်...ကျတော့်နှုတ်ခမ်းတွေနဲ့သူ့ကိုနမ်းလိုက်တယ်...သူချက်ချင်းဆက်မငိုတော့ပေ...ရှင်းပါတယ်....ဒါသူလန့်သွားလို့ပါ...သူဘာမှတုံ့ပြန်မှုလဲမရှိပေ....အဲ့ဒါနဲ့ကျတော်လဲ...နောက်ပြန်ဆုတ်လိုက်တယ်....

"မငိုနဲ့တော့နော်....P'Kit...ကျတော်ဂရုစိုက်တယ်...ကျတော်P'ရဲ့ခံစားချက်အားလုံးကို...ဂရုစိုက်ပါတယ်....ကျတော်နဲ့အတူတူပါပဲ...ကျတော်လည်းP'ကိုမကြိုက်ခင်တုန်းက...straightပါပဲ"...ကျတော်ပြောပြီး...သူ့မျက်ရည်တွေကိုသုတ်ပေးလိုက်တယ်...

"P'ကျတော့်ကိုကြိုးစားခွင့်ပေးမလား?...."ကျတော်မေးလိုက်တယ်..

"ငါ...ငါ...ငါမသိ...အမ်.."သူစပြောတာနဲ့ကျတော်....သူ့နှုတ်ခမ်းနားလေးတိုးပြီး...အနမ်းတခုဖန်တီးလိုက်တယ်...ဒီအချိန်မှာပဲ...သူ့ဆီကတုံ့ပြန်လာတယ်...

ကျတော်တို့ရဲ့စိတ်လှုပ်ရှားစရာ...အနမ်းတွေပြီးနောက်...နှယောက်လုံးတယောက်အသက်ရှုသံကို...တယောက်ကြားရတဲ့အနေအထားဖြစ်သွားတယ်...

"ဒီအဖြေအတွက်...'no'ဆိုတာမျိုးကိုကျတော်လက်ခံမှာမဟုတ်ဘူးနော်.."ကျတော်ပြောပြီး...သူ့မျက်လုံးကိုသေသေချာချာစိုက်ကြည့်လိုက်တယ်...

သူကျတော့ကိုပြန်ပြုံးပြလိုက်တယ်....

'ဒီအပတ်ထဲမှာသူကျတော့်ကိုဝန်ခံလာအောင်...ကျတော်လုပ်ပြမယ်'ဆိုတာစကားကိုကျတော်...သတိရပြီး...ကျတော့်ကိုယ်ကျတော်ရယ်လိုက်မိသည်...

"အခုကောင်းကောင်းအနားယူလိုက်အုံးနော်...P'ကောင်းကောင်းနေပြန်ကောင်းလာရင်...ကျတော်တို့dateလုပ်ကြမယ်နော်..My KitKat." ကျတော်ပြောပြီး.. သူ့နှုတ်ခမ်းကို...နောက်တကြိမ်ထက်နမ်းလိုက်တယ်...

"ဟေး....ငါ့ကိုအဲ့လိုမခေါ်နဲ့..."သူကျတော့်ကိုပြောတယ်

"Sorry..P',ဒါပေမယ့်...P'ကျတော့်ကိုသည်းခံရတော့မယ်...ဘာလို့ဆို....အခုကစပြီး...ကျတော်P'ကိုဒီလိုပဲခေါ်တော့မယ်...ကျတော်တယောက်ထဲရဲ့မူပိုင်နာမည်ပဲ....My..KitKat"....

အခုကစပြီးMingKit တို့စတွဲကြပါပြီ😁

Chapter/3/ is coming soon.....

Thx for reading & voting❤❤❤

💕Hold on to the feelings💕(Completed)حيث تعيش القصص. اكتشف الآن