အခုနေ့လည်စာစားချိန်ရောက်ပြီ....ကျတော်နေ့လည်စာစားလို့ပြီးတော့မယ့်အချိန်မှာ...P'Phaနဲ့P'Kitကျတော်တို့ဆီ...လာနေတာကိုတွေ့လိုက်တယ်...အမ်...နေပါအုံး...P'Beamလည်းမပါပါလား...ကြည့်ရတာP'Forthနဲ့သွားတွေ့နေတာဖြစ်ရမယ်...
အခုကျတော်P'Kitကိုရှောင်လို့မရတော့ဘူး...ဘာလို့လဲဆိုတော့...အခုကျတော်ဗိုက်ဆာနေပြီလေ...ပြီးတော့ထထွက်သွားဖို့လဲ...အကြောင်းပြချက်မရှိဘူးလေ..
သူတို့ရောက်လာပြီး....ကျတော်တို့ရှေ့မှာထိုင်လိုက်ကြတယ်....
"Wayo,ငါမင်းနဲ့စကားပြောဖို့လိုတယ်"P'Phaပြောလိုက်တယ်....Wayoကတော့ဘာမှပြန်မပြောပေ..
P'Phaလည်းထိုင်ရာကနေထပြီး...Wayoကိုသူနဲ့အတူဆွဲခေါ်လိုက်သည်...
ကျတော်အခုP'Kitကိုရှောင်ဖို့အစီစဉ်စလိုက်လေသည်...ကျတော်သူ့ကိုပြုံးပြလိုက်ပြီး...ကျတော့်ပန်းကန်ကိုဖြေးဖြေးချင်းတိုးလိုက်သည်...
"Ming..."သူကျတော့်ကိုစခေါ်လိုက်တယ်....ကျတော်လည်းသူ့ကိုတချက်ပြန်ကြည့်လိုက်တယ်...သူ့အကြည့်တွေကခါတိုင်းနဲ့မတူပေ...သူ့ကိုကြည့်ရတာလဲဖြူရော်ဖြူဖတ်နဲ့ဖြစ်နေတယ်....သူနေမကောင်းထပ်ဖြစ်ပြန်ပြီလား??
"Ming....ငါတို့စကားပြောဖို့လိုအပ်နေပြီ"သူပြောတယ်...
"ဘာအကြောင်းပြောမှာလဲ?"ကျတော်စိတ်ရှုပ်တဲ့ပုံစံမျိုးနဲ့မေးလိုက်တယ်...
"ငါ...ငါတို့အကြောင်းလေ?"သူမေးလိုက်တယ်...သူ့ပုံစံကအတော်လေးကို့ရို့ကားယားနိုင်နေတယိ...
ငါတို့?ဟမ်...အခုP'Kitစပြောလိုက်တာလား...ကျတော့်စိတ်ထဲမှာတကယ်...ကိုယ့်ကိုယ်ကိုစိတ်ကြီးဝင်သွားတယ်..ဒါပေမယ့်ကျတော်ဘာမှမသိသလို...ပုံစံပဲနေမယ်လို့ဆုံးဖြတ်လိုက်တယ်....
"ကျတော်တို့....ဘာကျတော်တို့အကြောင်းလဲ?"ကျတော်တို့ကြားမှာ...တခုခုရှိခဲ့လို့လား"ကျတော်ဘာမှမသိသလို...ဟန်ဆောင်ပြီးမေးလိုက်တယ်...
"မဟုတ်ဘူး....ငါ..ငါပြောချင်တာက...မနေ့က...မနေ့ကအကြောင်းကိုပြောတာ..."သူစပြောလိုက်တယ်..ဒါပေမယ့်ကျတော်...ဂရုမစိုက်သလိုပဲနေလိုက်တယ်
"အို...အဲ့အကြောင်းလား?အဲ့အကြောင်းကို...မေ့လိုက်တော့လေ...အများကြီးစဉ်းစားမနေပါနဲ့တော့"ကျတော်သူ့ကိုပြောပြီး...ကျတော်နေ့လည်စာဆက်စားနေလိုက်တယ်....
YOU ARE READING
💕Hold on to the feelings💕(Completed)
FanfictionWattpad က Author barry_bty ရဲ့ Ficလေးကို Author ရဲ့ခွင့်ပြုချက်နဲ့ Translated လုပ်ထားတာပါ😊😊 💕Hold On To The Feelings💕 လူတွေရဲ့ ခံစားချက်တွေက ပြောင်းလဲတတ်တယ် ငါတို့နှယောက်ရဲ့ ခံစားချက်တွေကကော တနေ့မှာ ပြောင်းလဲသွားမှာလား?? ဒါဆိုငါတို့နှစ်ယောက်က ဝေ...
💕Hold on to the feelings💕Ch2
Start from the beginning
