အပိုင်း (၅)

Start from the beginning
                                    

~ စောင့်ကြည့် ရသေးတာပေါ့

Kai ပြောကာ  ထွက်လာခဲ့သည် သူတို့ရဲ့ အလုပ်ခန်း မောက်မှာရှိနေလေတဲ့ တံခါး ကြီး ကို ဆွဲဖွင့်လိုက် ချိန်မှာတော့ သူ့ အခန်းထဲ ရောက်သွားလေသည်

ကျယ်ပြန့်လှတဲ့ အခန်းထဲ ပစ္စည်းတွေ က နေရာ တကျ နေရည ယူထား လေသည် မှိုင်းညို့ညို့ အရောင် ကို ကြိုက်တဲ့ သူ အခန်းနံရံ မှာခြယ်သ ထားသည်က နိညိုရောင် ဖျော့ဖျော့ သုတ်ထားလေသည် အခန်း အပြည့် နေရာ ယူထားသည်က စိတ္တဇ ဆန်ဆန် ပန်းချီကား တွေရယ် ဓားလေးတွေရယ်

ဓားတွေ ကို သဘော ကျသူမို့ ပေါက်စ လေးက အစပြီး သူ စုစည်း ထားတာပင်

ညဝတ် ဝတ်စုံ ကို လဲကာ အိပ်ရာပေါ် လှဲချလိုက်သည်

ဒီရက် ပိုင်း အလုပ် မရှိလေတော့ ပျင်းနေသည် မဟုတ်လား

နောက်ထပ် ပစ်မှတ် အသစ် မတွေ့ သေးသည် အထိတော့ ပျင်းနေရဦးမည်

~~.~~~~~~*******~~~~~~~

Kyung Soo တစ်ယောက် လှဲနေတဲ့ ခုတင်ပေါ် လေး ကနေ ခြေသံတွေရော နားကနေ စိုက်ကာ နားထောင်နေတဲ့ အသံတွေ ဘာသံ မှ မကြားရဘူး ဆိုတာ သေချာတော့မှ သူအိပ်နေ ရာ ကနေ ထထိုင် လိုက်သည်

~ ကျွတ် ကျွတ် ကျွတ်

ပါးစပ်က နေ တကျွတ်ကျွတ် လုပ်ကာ ခေါင်းအသာ ယမ်းရင်း မျက်နှာက ပျော်ရွှင်မှု့တွေ အပြည့်

ထို Black Diamond Mafia Gang အား Kyung Soo ဒီနေရာ မှာတော့ ဇီးရိုး အမှတ်သာ ပေးချင်တော့သည်

ဒိတ်အောက်တဲ့ အတွေးတွေ နဲ့ သူ့ကို အိပ်ပျော် စေကာ ချိန်သီး နဲ့ အိပ်ငွေ့ ချကာ စမ်းသပ်သည် မဟုတ်လားး

ခက်သည် သူတို့လို အထူး လေ့ကျင့် ထားတဲ့ SpY တွေသည် မုသားဖော်စက် နဲ့ စစ်ဆေးရင်တောင် ဒီလို အဆင့် တွေကို အသာလေး ကျော်ဖြတ်နိုင်သည်လေ

လူက ထိုင်သာနေတာ မျက်လုံး ကတော့ ကစားနေတာ ပင်

သူဝင်လာတဲ့ အပေါက်ကနေ ၂ ယောက် ထွက်သွားတာ သူသိသည်

Mafia Leader Kim ( Uni+Zaw)Where stories live. Discover now