*ကိုကို*7

6.3K 785 108
                                    

"​ဘေဘီ မုန်​လာဥနီ​တွေဖယ်​မပစ်​နဲ့"

"​ဘေဘီ ​သေချာဝါးပြီးမှမြိုချ"

"​ဘေဘီ အသီးအရွက်​မစားလို့မဖြစ်​ဘူး"

"​ဘေဘီ@%€£¿£|£*"

"​ဘေဘီ ​တော်​တော့ ​ပေး
ကိုကိုခွံ့​ကျွေးမယ်​"

ထမင်းစားချိန်​ဖြစ်​၍သူတို့နှစ်​​ယောက်
ဘေဘီတို့အ​ဆောင်​နားရှိခုံ​လေး​တွင်​ထမင်းထိုင်​စား​နေခြင်းဖြစ်​သည်

ကျောင်းcanteenမှာစားလို့ရ​သော်​လည်း​ဘေဘီနဲ့မတည့်​တာ​တွေစားမိမှာစိုး​သော​ကြောင့်​တစ်​​ကြောင်း
အာဟာရမပြည့်​ရင်​ဝတုတ်​​လေးဖြစ်​မလာမှာကို​ကြောက်​သည်​ကတစ်​​ကြောင်း​ကြောင့်​ommaကိုအပူကပ်​ကာထမင်းဘူးထည့်​ခိုင်း
ခဲ့သည်

အရင်​​နေ့​တွေcanteenမှာစားတုန်းကလည်း​ဘေဘီကလူရှုပ်​သည်​ကိုမကြိုက်​သည့်​ပုံ​ပေါ်​သော​ကြောင့်​လူရှင်းသည့်​​ခုံ​လေး​တွင်​ထမင်းဘူး
ချကာစား​နေခြင်း

ဤသည်​ကိုပင်​ထိုပိစိကဟိုဟာတို့လိုက်​ဒီဟာတို့လိုက်​နှင့်​​သေချာမစား
အရွက်​​တွေကလည်းဖယ်​​သေး
မမြင်​ရင်​​အောက်​ကိုလွှတ်​ပစ်​​သေးတာ
ပြောပြန်​ရင်​လည်းနှုတ်​ခမ်း​လေးကစူစူလာ​ရော

ဘေဘီ့လက်​ထဲကဇွန်းကို​ဘေးချကာ
ထမင်းတစ်​လုတ်​ထဲတွင်​အသား​ရော အသီးအရွက်​​တွေပါ ထည့်​ပြီး​ကျွေးလိုက်​သည်

"ပါးစပ်​ဟ အာ"

စူပုတ်​ပုတ်​နှင့်​​ပေ​စောင်း​စောင်းကြည့်​​နေပြန်​သည်
အလိုမလိုက်​နဲ့ Kim Jong In
ဒီက​လေးကအဲ့လိုမစားလို့ပိန်​​နေတာ
ခေါင်းခါပြ​တော့ပါးစပ်​ဟသည်
ပိစိ​လေး တကယ့်​ကိုပိစိ​လေး

"​ဘေဘီ အကျယ်​ကြီးဟ ဒီလို အာ"

တစ်​ခါစားဖို့အ​ရေးသရုပ်​​ဖော်​ပြရ​သေးသည်

"အဲ့မုန်​လာဥနီကယုန်​​ပေါက်​စနဲ့တူတဲ့ကိုကို့သူငယ်​ချင်းစားရမှာ"

မ​ကျေမချမ်းတိုးတိုး​လေး​ပြောရင်းပါးစပ်​ဟ​ပေး​လေသည်
ပိစိ​ပေါက်​စကသူများကို​တောင်​တစ်​ပြန်​ယုန်​​ပေါက်​စဟု​ခေါ်သည်

ကိုကိုWhere stories live. Discover now