အခန်း ၁၀ ဘာတတ်နိုင်သေးလဲ

1K 100 1
                                    

နောက်မနက် Xia Yao အိမ်ကနေထွက်တော့ နံရံမှာထောင်ထားတဲ့ သူ့စက်ဘီးကို သွားတွေ့တယ်

ချိန်းတွေရော လဲထားပြီး ပွန်းတဲ့နေရာတွေလည်း ပြန်ပြုပြင်ပေးထားတဲ့အတွက် သူ့စိတ်ဘီးဟာ အသစ်ကျပ်ချွတ်အခြေအနေမှာ ရှိနေတယ် Xia Yao လမ်းပေါ် မျက်စိဝေ့ကြည့်လိုက်ပြီး အေးစက်စက်သက်ပြင်းချလိုက်တယ် Yuan Zong အရိပ်အရောင်တောင်မမြင်ရဘူး

"အနည်းဆုံးတော့ အသိဉာဏ်ရှိတဲ့ သူလိုငါလိုလူတယောက်လို ပြုမူသွားပါလား"

အင်အားချိနဲ့စွာပဲ Xia Yao, Yuan Zong ရဲ့ အကျင့်တွေကို သိပြီးတဲ့နောက် စက်ဘီးနဲ့ အလုပ်ကို မသွားဖို့ ဆုံးဖြတ်လိုက်တယ် သူနောက်တခုခုမဟုတ်တာ ကြံစည်ထားရင် ဘယ်လိုလုပ်မလဲ သူ့အသက်နဲ့ လုံခြုံမှုကို စိတ်မချရတော့ဘူး

အဲဒါနဲ့ပဲ ရိုလာစကိတ်တွေဟာ သူ့အစားထိုးဖြစ်လာတယ်

Xia Yao ရဲ့ဒီနေ့ဝတ်စုံကတော့ မနေ့ကနဲ့မတူဘဲ အကာအကွယ်ပစ္စည်းတွေနဲ့ ပြည့်နေတယ် ဌာနရဲ့ ဝင်ပေါက်ကို ရောက်တဲ့ အခါမှာ Xia Yao အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားတွေ့တယ် Xia Yao သူတို့မျက်စိအောက်က ပျောက်သွားတာနဲ့ အဲဒီအမျိုးသမီးတအုပ်စတွတ်တွတ်အတင်းတုတ်တော့တယ်

"Xia Yao ခုတလောဘာဖြစ်နေတာလဲ မနေ့ကစက်ဘီးနဲ့ လာတယ် ဒီနေ့ စကိတ်တွေနဲ့!!!"

"ဆိုလိုတာက...သူငါ့အပေါ်ခံစားချက်များရှိနေသလားမသိဘူး"

"ဘယ်ကလာ!!! ကောင်မစုတ်လေး"

"..."

Xia Yao သူ့ရုံးခန်းဆီပြန်သွားပြီးတော့ စကိတ်တွေကို ချွတ်ပြီး သူ့မျက်စိရှေ့ချထားလိုက်တယ် "ဒီတခါတော့ မင်းငါ့ကို ဘယ်လိုများနှောက်ယှက်လို့ရမလဲ ဆိုတာ ကြည့်ရအောင်"

အလုပ်ပြီးတဲ့နောက်မှာတော့ Xia Yao စကိတ်တွေဝတ်ပြီး လမ်းပေါ်ဟိုကွေ့ဒီရှောင်နဲ့ စီးနေလိုက်တယ် ဟိုလမ်းကြိုလမ်းကြားတွေထဲကို ပေါ့ပေါ့ပါးပါးဝင်စီးနေပြီး သူဂုတ်ပေါ်မှာ ဘာစိတ်အခက်အခဲမှ မရှိသလိုလွတ်လွတ်လပ်လပ်ခံစားလိုက်ရတယ် "သတ္တိရှိရင် ငါ့ကို ဖမ်းဖို့ကြိုးစားလေ လာပါ! လိုက်စမ်းပါ! ငါ့အရိပ်အရောင်တောင် မမြင်ရင်အောင်လုပ်ပလိုက်မယ်"

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now