"သိတာ တစ်ပတ်ရှိပြီဟာကို ဘာမှမစုံစမ်းထားဘူးလား...... မကောင်းတဲ့လူဆို ဘယ်လိုလုပ်မလဲ.. ...."

"Jonginက လူကောင်းလို့ ပြောတယ်.....အား..... နာတယ်လို့......"

Jongdae နောက်တစ်ကြိမ်အရိုက်ခံလိုက်ရတဲ့ ခေါင်းကို ကိုင်ရင်း အကျယ်ကြီး ညည်းလိုက်သည်။

"သူက အဲ့လိုပဲပြောမှာပေါ့...... မင်းက သူပြောတိုင်း ယုံစရာလား......"

"ကျွန်တော့် အမြင်မှာလဲ လူကောင်းနဲ့တူ......"

ရွယ်လာတဲ့ Junmyeonရဲ့ လက်ကြောင့် သူ့စကားကို အမြန်ရပ်ကာ ခေါင်းကို လက်နဲ့ ကွယ်ထားလိုက်သည်။

"နာမည်က ဘာ....?"

"Oh Sehun...."

"OH SEHUN......"

ထိုနာမည်ကို ရေရွတ်ရင်း အပေါ်ထပ်ကို တက်သွားတဲ့ သူ့အစ်ကိုကို ကြည့်ရင်း သူ သက်ပြင်းချလိုက်မိသည်။

အလုပ်ကလေး ပိတ်လို့ အိမ်မှာ ကောင်းကောင်းနေရမလား အောက်မေ့ပါတယ်..... အနှိပ်စက်ခံနေရတဲ့ ဘဝ......။

Jonginလေးရေ...... ကိုလေး စိတ်တော့မကောင်းဘူးကွယ်...... ဒါမဲ့ ကိုယ် အသက်ရှင်ဖို့ အရေးကြီးတယ်မလား........။

••••••••••••••••••••••••••••••••••••••••••••••••••

Jongdae အရိုက်ခံထားရတဲ့ သူ့ခေါင်းကို ပွတ်ရင်း Haeun Sports University ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို မော့ကြည့်နေမိသည်။

ဘာကြောင့် သူဒီကို ရိုက်ပုတ်ခံပြီး ဆွဲခေါ်ခံလာရမှန်း သူလည်းမသိပေ......။ ကုမ္ပဏီက ကိုကြီးကိုလည်း ဖုန်းဆက်ပြီး မရရအောင် လှမ်းခေါ်ထားသေးသည်။

ခဏကြာတော့ ကိုကြီးရောက်လာခဲ့သည်။

"Junmyeon..... ဘာဖြစ်​လို့လဲ ဘာအရေးကြီးကိစ္စလဲ......"

"ရောက်ပြီလား...... သွားမယ်..... လာ"

သူ့ဟာသူကို ပြောချင်ရာပြောပြီး တက္ကသိုလ်​ထဲ ဝင်သွားတဲ့ Junmyeon ကို Minseok နားမလည်၍ ဘေးက Jongdaeကို အသံတိတ်မေးခွန်း မေးလိုက်သော်လည်း သူ့အား ပုခုံးသာ တွန့်ပြခဲ့သည်။

ဒီလိုနဲ့ နှစ်ယောက်သား Junmyeon နောက်က ဘုမသိဘမသိနဲ့ နောက်လာခဲ့ကြသည်။ အခန်းတစ်ခန်းရှေ့ရောက်တော့ Junmyeonရဲ့ ခြေလှမ်းများရပ်တန့်သွားခဲ့သည်။

The Spell Of Black Swan Where stories live. Discover now