"မျက်မှောင်ကြီး ကြုတ်မထားနဲ့ အသက်ကြီးရင် အရေးအကြောင်းတွေ ပေါ်လာလိမ့်မယ် "

"အဲ့ဒီတော့...?"

ဘုဆတ်ဆတ်အမေးကြောင့် Jongin ရယ်ကျဲကျဲနှင့်....

"Aigooo.... Jongin ရဲ့ Sehunက စိတ်ဆိုးသွားတာလား.... စိတ်မဆိုးပါနဲ့.. .. နော် နော် နော်"

Jongin မျက်နှာကို သနားစရာကောင်းအောင် လုပ်ပြီး ချွဲလိုက်သော်လည်း Sehunကတော့ ခပ်တည်တည်နဲ့ မလှုပ်မယှက်။

"စိတ်ဆိုးနေမှန်းသိရင် ပြေအောင်လုပ်လေ"

"ပြေအောင် လုပ်ရမယ်? ဘယ်လိုလုပ်ရမှာလဲ"

ပြောပြောပြီးချင်းပင် Jongin Sehunရဲ့ ပါးနှစ်ဖက်ကို တစ်ချက်စီ နမ်းလိုက်သည်။  သူ့ကို မျက်လုံးပြူး ကြည့်နေသော Sehunကို ရယ်ကျဲကျဲနှင့်ပင်

"အဲ့လိုလား.... ဟင်... ဟုတ်လား... အဲ့လိုလုပ်ရ....အွန်း..."

Jonginရဲ့ ပြောလက်စစကားများမှာ ရုတ်တရက် ဖိကပ်လိုက်တဲ့ Sehunရဲ့ နှုတ်ခမ်းတို့တွင် တိတ်ဆိတ်သွားခဲ့ရသည်။

"မဟုတ်ဘူး... ဒီလို...."

ရုတ်တရက် အနမ်းခံလိုက်ရ၍ ရီဝေဝေဖြစ်နေတဲ့ Jongin မှာ Sehunရဲ့ စကားကို ပထမနားမလည်လိုက်ပေ။ နည်းနည်းကြာမှာ နားလည်သွားကာ Sehunကို နှာခေါင်းရှုံ့ကာ မျက်စောင်းပါ ထိုးပစ်လိုက်သည်။ ဒါကို Sehunက အားရပါးရ ရယ်ကာ Jonginကို အူးယားစွာ ဖျစ်ညစ်လိုက်ရင်း

"Arghhh! ခင်ဗျားလေးကို ချစ်လွန်းလို့ ကျုပ်ဘယ်လိုလုပ်ရမလဲ hmm? ပါးစပ်ထဲပဲ ထည့်ငုံထားလိုက်ချင်တယ်ကွာ"

••••••••••••••••••••••••••••••••••••••••••••••••••

သောကြာနေ့.... အားကစားတက္ကသိုလ်များ ရေကူးပြိုင်ပွဲနေ့..... Haeun University ရဲ့ mystery တစ်ခု ဖြေရှင်းသွားတဲ့ နေ့ဆိုလည်း မမှားပေ။

ဘာ mysteryလည်း ဆိုတော့ နာမည်ကျော် play boy Oh Sehun တစ်ယောက် Junsuနဲ့ ပြတ်ပြီး တစ်လပြည့်သည်အထိ ဘာသံမှမထွက်ပဲ ခြေငြိမ်နေခြင်းပင် ဖြစ်သည်။
ခါတိုင်းသာဆို တစ်ယောက်နဲ့ပြတ်လျှင် နောက်နေ့ နောက်တစ်ယောက်နဲ့ အဆင်သင့်တွဲပီးသားပင်။ ခုတော့ တစ်ရက် တစ်ပတ်လည်းမဟုတ် တစ်လဆိုတော့ အထူးအဆန်းကြီးကို ဖြစ်နေခဲ့သည်။
အားလုံးက ထင်ကြေးအမျိုးမျိုးပေးနေကြသော် ဘယ်သူမှ ဘာကအမှန်ကို မသိ။

The Spell Of Black Swan Where stories live. Discover now