Pregnant-27

2.5K 186 25
                                    


Baekhyunရဲ့ အကြည့်စူးစူးတွေက
သူ့တစ်ကိုယ်လုံးကို ပေါက်ထွက်တော့မတတ်
Chanyeol ခံစားနေရတယ်......သူတို့
နှစ်ယောက် ကြားမှာ ဖြစ်ပျက်သွားတာတွေကို
Chanyeol ပြန်တွေးကြည့်မိတယ်......
ဘာစကားမှမပြောမိကြဘဲ Baekhyunဆီက
ဗလုံးဗထွေး ရေရွတ်သံတစ်ချို့ထွက်လာတယ်...
အဲ့အချိန် Chanyeolကတော့ Baekhyun
သူ့ကို ဘာများလုပ်မလဲလို့ တွေးရင်
လက်တွေကို လိမ်နေတယ်......Baekhyun
ပုံက သူ့ကို တစ်ခုခုလုပ်တော့မှာဆိုတာ
အသိသာချည်းလေ.........အဲ့တစ်ခုခုအတွက်
Chanyeol အဆင်သင့်မဖြစ်သေးသလို
ကြောက်လဲကြောက်ပါသည်............

အဲ့အချိန်မှာ Baekhyunရဲ့စိတ်ထဲမှာတော့
အတွေးတစ်ချို့နဲ့ ရှုပ်ရှက်ခပ်နေတယ်......
အတွေးပေါင်းစုံကိုတွေးနေတဲ့ မျက်နှာနုနုလေး
ဟာလဲ သူတွေးတဲ့အတိုင်းလိုက်ပြီး ရှုံ့လိုက်
မဲ့လိုက် အမျိုးမျိုးပြောင်းလဲနေတယ်.........
သူ့ကိုယ်ဝန်က  သုံးမွှာပူးဆိုလို့
သူဂုဏ်ယူတယ်......ဒါပေမယ့် အဲ့ကလေး
သုံးယောက်ကို မွေးပြီးရင် သူ့ခန္ဓာကိုယ်
ပုံပျက် ပန်းပျက် ရုပ်ဆိုးသွားမှာပေါ့.........

Chanyeolကို အပြစ်ပေးမယ်
ဆိုကာ ...Kwanghee အခန်းထဲမှာ ရှိတဲ့ အဖြူ ရောင်ကြမ်းခင်းပေါ်ကို Baekhyun ခြေဆောင့်
လိုက်တယ်.........ဒါပေမယ့် Kwangheeက
အဲ့လိုလုပ်ရင် ကလေးတွေအတွက် မကောင်း
ဟုအကြံပေးသဖြင့် မလုပ်တော့ဘဲ ရပ်လိုက်တယ်..........Baekhyunရှေ့ကို
တိုးလာတော့ Chanyeol အလိုအလျောက်
နောက်ဆုပ်သွားတယ်......သူ ဗိုက်ပူလေးကို
ကြောက်နေတာလေ......xD

Baekhyun လက်လေးနှစ်ဖက်ကို ဆန့်တန်း
လိုက်ပြီး Chanyeolကို ချစ်စရာကောင်းအောင်
ပြုံးပြလေတယ်......ရုတ်တရက် ပြောင်းလဲသွားတဲ့ သူ့ပုံစံကိုChanyeol ကြောင်ကြောင်ကြီး ကြည့်နေမိတယ်.........

"အမ်းးး ဘာ....ဘာလဲ?"

ထိပ်ထိပ်လန့်လန့်နဲ့ပဲ မေးလိုက်ပြီး နောက်ကို
လည်း နည်းနည်းထပ်ဆုတ်လိုက်တယ်......

Baekhyunက ထပ်ပြုံးပြီး

"ဖက်ပါဆို အချစ် "

Kwanghee ကတော့ Chanyeolကို
Baekhyunဆီမသွားရန် မျက်စပစ်နေသည်...
သူသိတယ် Baekhyunတစ်ခုခုလုပ်မယ်ဆိုတာ
Kwanghee ခေါင်းယမ်းပြပြီး လက်ကိုလဲ
ဘယ်မှညာ မြန်မြန်ရွေ့ပြပြီး Chanyeolကို
မသွားရန် ပြင်းပြင်းထန်ထန်သတိပေးနေတယ်...
ဒါပေမယ့် အရူးPark Chanyeolကတော့
Baekhyunဆီလျှောက်သွားပြီး ဖက်လိုက်တယ် သူက Kwangheeကို လက်မတောင်ထောင်ပြ
သေးတယ်...Kwangheeတစ်ယောက်
ခေါင်းနဲ့နံရံ ပြေးဆောင့်ချင်စိတ်ပေါက်သွားတယ်

Pregnant BoyWhere stories live. Discover now