Pregnant-24

2.2K 164 6
                                    


"သူလာစတာ Chan မင်းလဲသိတဲ့သားနဲ့"

Baekhyun ဒေါသတကြီးနဲ့ အော်ပြောတယ်...
အသက်ကိုလဲ ခက်ခဲကြမ်းတမ်းစွာ ရှုသွင်းရင်း...

Chanyeol သက်ပြင်းချလိုက်ပြီး သူ့ရဲ့
အနက်ရောင်ဆံပင်တွေကို လက်နဲ့ ထိုးဖွလိုက်
တယ်......

"အဲ့လိုပဲဖြစ်သည်ထား Baekအဲ့လိုတော့
မပြောသင့်ဘူးလေ...Baekလည်းသိတာပဲလေ
Sehunကြောင့် သူအရမ်းခံစားနေရတာကို "

Baekhyun မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း......

"ကောင်းပီလေ... မင်းလိုချင်နေတာဒါပဲမလား !
PARK CHANYEOL "

သူ Chanyeolနာမည်ကို သေသေချာချာ
ရိုကျိုးနွံစွာနဲ့ ရွဲ့ခေါ်လိုက်ပြီး...

"သွား မင်းရဲ့ ညီဆီကိုပဲသွား ......
မင်းရဲ့ ညီကိုပဲချစ်...... သူနဲ့ပဲအတူနေ"

လက်သီးကိုဆုပ်လို့ အံကိုကျိတ်ကာ...
ပြန်မအော်မိစေဖို့...Chanyeolတစ်ယောက်
အတော်ကိုစိတ်ထိန်းနေရသည်...
သူ ဒီရက်တွေမှာ ...... စိတ်ကိုအတော်လေး
ရှည်နေရပါသည်.........

ဒါတွေအကုန်လုံးက......
Baek ကိုယ်ဝန်ရှိနေတာကြောင့်ရယ်ပါ...
Chanyeol ခေါင်းထဲမှာ ထပ်ခါထပ်ခါ
သတိပေးနေတာက......
စိတ်ထိန်း စိတ်ထိန်း သူက ကိုယ်ဝန်နဲ့ဟူ၍...

သက်ပြင်း အကြီးကြီးကိုချလိုက်ကာ......
လက်သီးဆုပ်ကို ဖြေချလိုက်တယ်...
နောက် ပြုံး၍...

"OK Baek နိုင်တယ် တော်တော့ ဒီကိစ္စ"

Baekhyunရဲ့ မျက်နှာလေးချက်ချင်းကို
ပြောင်းလဲသွားပြီး သိပ်ကိုလှပတဲ့အပြုံးလေး
Chanyeolကို ပြန်ပြုံးပြတယ်...
နှစ်သက်ကြည်နူးမှုတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားမှု
တွေပါဝင်နေတဲ့ အပြုံးလေးပေါ့...
သူ Chanyeolဆီကိုဖြေးဖြေးလေး
လျှောက်လာပြီး Chanyeolလည်ပင်းကို
သူ့လက်တွေနဲ့ သိုင်းဖက်ကာ နူးညံ့သော နို့နှစ်ရောင် လည်ပင်းသို့ အနမ်းနုနုတစ်ချက်
ပေးလိုက်တယ်......
Baekhyun ဒီလိုလုပ်တာကို Chanyeolချစ်တယ်...... ဒီလိုအချိန်မှာ
Baekရဲ့နဖူးလေးကို သူနမ်းရတာကိုလည်း
သူချစ်တယ်...... သူ့ရဲ့လည်ပင်းကို
Baekနမ်းနေတာကိုလည်း ချစ်တယ် ...
ဒါဟာ သိသိသာသာဆွဲဆောင်မှုတစ်ခုဖြစ်ပြီး
သူတို့နှစ်ဦးလုံး ဒီလိုလုပ်ရတာကို
သဘောကျကျပါတယ်......

Pregnant BoyWhere stories live. Discover now