Pregnant-20

2.5K 181 0
                                    


"ဘယ်လိုလဲ သွားခဲ့တာ အဆင်ပြေရဲ့လား?"

Luhan အိမ်ထဲဝင်လာသည့် နှစ်ယောက်ကို
မေးလိုက်တယ် သူတို့နှစ်ယောက်စလုံးရဲ့
မျက်နှာတွေ ပြုံးနေတယ်

"ကောင်းတယ်"

Baekhyunက ပြန်ဖြေတယ်

"သန္ဓေသားက စူကာသီးအရွယ်လောက်
ရှိနေပြီ  သိလား အဲ့ဒါလေးကလေ Chanyeol
ရဲ့နားရွက်တွေထက်တောင်ကြီးတယ်"

Luhan ရယ်မောလိုက်ပြီး စိတ်ဝင်စားမှု
လုံးဝ မရှိတဲ့ TVဆီ အကြည့်တွေပြန်ပို့လိုက်
တယ် သူ့ရဲ့ ကိုယ်ဝန်ဟာ နောက်ငါးရက်လောက်နေရင် သုံးလပြည့်တော့
မယ် သူ့ဗိုက်ကလည်း Baekhyunရဲ့ဗိုက်
အရွယ်အစားနဲ့ အတူတူလောက်ပဲ
ဒါပေမယ့် ဗိုက်ထဲက ကလေးလေးဟာ
Baekလိုမျိုးတော့ Chanyeolကတယုတယနဲ့
နွေးနွေးထွေးထွေး ဂရုစိုက်သလိုမျိုး
မဆက်ဆံခံရပေ

"ကြည့်မှာလား?"

Baekhyunက ဓာတ်ပုံကို Luhanမျက်နှာ
ရှေ့ဝှေ့ယှမ်းပြရင်းမေးတယ်

Luhan TVကနေ အကြည့်လွှဲကာ
ပုံကိုကြည့်လိုက်သည်

"ဒါလေးက ခြေထောက်လေးတွေ"

Baekhyunက ပုံကိုလက်ညှိုးလေးထိုးပြီး
ပြောနေတယ်

"အိုးးး ဒါလေးကလက်ချောင်းလေးတွေ
ချစ်ဖို့မကောင်းဘူးလားး"

Luhan ပြုံးလိုက်ပြီး

"အင်း ချစ်ဖို့ကောင်းတယ် ဒါနဲ့ ဘာလေးလဲ
သိရပြီလားး"

"Kwangheeကတော့ နှစ်ပတ်လောက်ကြာရင်
သိရမယ်ပြောတယ်"

Chanyeol က Baekhyunကို ပြုံးကြည့်နေ
ရင်းဆက်ပြောတယ်

"ကိုယ်တော့ ယောက်ျားလေးဖြစ်စေချင်တယ်"

Baekhyun Chanyeolအပြောကို
ခေါင်းငြိမ့်လက်ခံတဲ့ပုံနဲ့

"ဒါနဲ့ မင်းရဲ့ ultrasoundကရော Luhan"

Luhan သက်ပြင်းချကာ

"မနက်ဖြန် ဒါမှမဟုတ် နောက်အပတ်
သွားဖြစ်မယ်ထင်တယ် ငါလည်း
ချစ်ဖို့ကောင်းတဲ့ လက်ချောင်းလေးတွေ
ခြေချောင်းလေးတွေအကြောင်း
ကြွားလို့ရမယ်ထင်ပါတယ်"

"ငါမင်းနဲ့လိုက်ခဲ့မယ်လေ Yahhh
ငါမကြွားပါဘူး"

Baekhyunက ပုံကိုပြန်ကြည့်လိုက်ရင်း

Pregnant BoyWhere stories live. Discover now