'Oh Sehun....!?'

နောက်ထပ် message တစ်စောင်က စက္ကန့်မခြားဝင်လာခဲ့ပြန်သည်။

From unknown number
*အိမ်ရှေ့ကို ခဏထွက်ကြည့်လိုက်ပါဦး

'အိမ်ရှေ့ကို......ဘာလို့်လဲ.....အိမ်ရှေ့ကို ရောက်နေတာတော့မဟုတ်ပါဘူးနော်....'

Jongin တွေးမိပြီး အိမ်ရှေ့ကို မြန်မြန်ထွက်လာပြီး တံခါးကို ဆွဲဖွင့်လိုက်တော့လည်း ဘယ်သူမှရှိမနေ.....။

သို့သော်.......တံခါးရှေ့ ကြမ်းပြင်ပေါ် ချထားတဲ့ ခရမ်းနုရောင်နဲ့ လိမ္မော်ရောင် နှင်းဆီပန်းတို့ကို ရော၍ လှပသပ်ရပ်စွာ စည်းထားသော ပန်းစည်းလေး တစ်ခု.....။

Jongin ပန်းစည်းလေးကို ကောက်လိုက်ရင်း လူရှိသေးလား လိုက်ကြည့်မိတော့လည်း corridor တစ်လျှောက်လုံး လူရှင်းနေသည်။

တိုက်ခန်းထဲပြန်ဝင်ခဲ့လိုက်ရင်း ပန်းစည်းလေးကို သေချာကြည့်လိုက်တော့ ပန်းတွေကြားထဲက စာအိတ်အဖြူရောင်လေး.....။

"လိမ္မော်ရောင်နှင်းဆီပန်းလေးရဲ့ အဓိပ္ပါယ်​က ညို့ယူဖမ်းစားခြင်း တဲ့
ခရမ်းနုရောင်နှင်းဆီပန်းလေးကတော့ မြင်မြင်ချင်းအချစ် တဲ့

ဒါ မင်းလေးကို ကိုယ်ပြောချင်တဲ့စကား.....
မြင်မြင်ချင်းပဲ မင်းလေး ကိုယ့်ကို ညို့ယူဖမ်းစားနိုင်လွန်းခဲ့တယ်လို့ ပြောရင် မင်းလေး ယုံလိုက်.........

မင်းလေးရဲ့
OH SEHUN"

Oh Sehunဆိုတာ playboy တစ်ယောက်မှန်း Jongin သိပေမဲ့.....ခပ်သော့သော့ရေးထားတဲ့ လက်ရေးချွန်ချွန်လေးတွေက သူ့ရင်ကို လှုပ်ခတ်သွားစေတာတော့ ငြင်းမရပေ.....။

Jongin တစ်ယောက်တည်း ပြုံးလိုက်ရင်း ဗီဒိုထဲက ဖန်အိုးလေးတစ်ခုကို ထုတ်ပြီး ရေဖြည့်ကာ ပန်းများထိုးထားခဲ့လိုက်သည်။

••••••••••••••••••••••••••••••••••••••••••••••••••

Jongin မနေ့ညက Sehunဆီက message ဒါမှမဟုတ် ဖုန်းများ ဝင်လာလေဦးမလားဆိုပြီး မျှော်လင့်ခဲ့ပေမဲ့ တစ်ခုမှဝင်မလာခဲ့ပေ......။

သူ့ဘက်က စဆက်လိုက်ချင်ပေမဲ့လည်း
Oh Sehun ဆင်ထားတဲ့ အကွက်ထဲ ရောက်သွားမှာပေါ့ဆိုတဲ့ အတွေးက တားဆီးနေခဲ့ပြန်သည်။

The Spell Of Black Swan Where stories live. Discover now