"စိတ်ချနေပါ..baekhyunee..သူပြန်နိုးလာမှာပါ..၊အန်တီတို့ သူ့ကို စောင့်နေတာပဲ..နိုးလာမှာပါ..သူ..သူက သားလိမ္မာလေးပဲဟာ..မဟုတ်ဘူးလား.."

ကျနော့်အပြောကြောင့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာတဲ့ baekhyuneeအမေကို အားပေးတဲ့အနေနဲ့ ဖက်ထားပေးလိုက်တယ်...

Baekhyun ah...ငါမင်းကို စောင့်နေတာမို့..ငါမင်းကို ငါ့အချစ်တွေ ဖွင့်ပြောမှာမို့...ကျေးဇူးပြုပြီး နိုးထလာပေးပါနော်....

ငါ့ဘေးမှာ မင်းရှိနေမှ ဖြစ်မှာမို့လို့..မင်းဘေးမှာလည်း ငါ့ကိုပဲ ပေးရှိနေပါ...hyunee ah....

       ::::Gangster's Puppy::::

၃နာရီနီးနီး ကြာပြီးတဲ့ နောက်မှာတော့...စောင့်စားနေမိတဲ့ ခွဲစိတ်ခန်းတံခါးကြီး ပွင့်လာခဲ့သလို တာဝန်ကျ ဆရာဝန်လည်းထွက်လာခဲ့ပါပြီ...

"Hyun..Hyuneeလေး အခြေနေ..."

ရေးကြီးသုတ်ပြာမေးလိုက်တဲ့ baekhyunမိဘတွေရဲ့ အမေးစကားနဲ့ ဆရာဝန်ကြီး ဖြေလာမယ့် အဖြေကို ကျနော် အရေးမစိုက်မိဘဲ နောက်ကနေ တွန်းထုတ်လာတဲ့ ကုတင်ပေါ်က ကောင်လေးနားကိုသာ အပြေးသွားရပ်လိုက်မိတယ်...

"Baekhyunee..."

ဖြူသွယ်လွန်းတဲ့ လက်ချောင်းလေးတွေကို အသာညှစ်ဆုပ်ပြီး ခပ်တိုးတိုးခေါ်ရင်း သူ့ပါးနုနုထက် ကျနော့် လက်တဖက် ထပ်တင်လိုက်မိတယ်..

"ကျနော်တို့ အကောင်းဆုံးကြိုးစားပေးထားပါတယ်..၊မကြာခင် သတိပြန်လည်လာပါ့လိမ့်မယ်.."

ဆရာဝန်ကြီး အဖြေကြောင့် baekhyuneeမိဘတွေက ဝမ်းသာပြီး ဆရာဝန်ကြီးကို ခါးညွတ်အရိုအသေပေးနေကြသလို ကျနော်လည်း nurseမတွေကို အာရုံမထားဘဲ မြတ်နိုးသူရဲ့ နဖူးထက် အနုညံ့ဆုံး အနမ်းတပွင့် ပေးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်မိတာက....

"ပင်ပန်းသွားခဲ့ပြီ hyunee ah..."လို့..

        ::::Gangster's Puppy::::

"ခေါင်းကို တော်တော်ထိထားတာကြောင့် မှတ်ဉာဏ်ပိုင်းကိုတော့ သိပ်အာမမခံနိုင်ဘူးတဲ့လေ..."

"ဘယ်လိုရယ်..."

သိပ်မကြာခင် အချိန်က ဆရာဝန်ကြီး ပြောပြခဲ့တဲ့ baekhyuneeအခြေနေကို ပြန်ပြောပြလိုက်တဲ့ ကျနော့်စကားကြောင့် MinSeokဆီကနေ အံ့အားတကြီး ရေရွတ်သံလေးထွက်လာတယ်...

Gangster's Puppy(Chanbaek/Baekyeol-Yaoi) (Unicode+ZawGyi)Onde histórias criam vida. Descubra agora