First Spell

6.9K 434 10
                                    

"ဟရောင်ရေ......သွားမယ်ဟ......"

Chanyeol ကားထဲကနေ စောင့်နေတာ ၁၀မိနစ်လောက်ရှိသွားခဲ့ပြီး ကားပိုင်ရှင် ကားမောင်းမဲ့ ကိုယ်တော်ချော Oh Sehunက သူ့fan girl တစ်သိုက်ကြားက ထွက်မလာနိုင်သေး......။

ခဏကြာတော့မှ ကားထဲကို မာရသွန်​ပြေးလာရတဲ့လူလို ဟောဟဲစိုက်ပြီး ဝင်ထိုင်ရင်း ချောကလက်တွေ မုန့်တွေ လက်ဆောင်တွေစာတွေကို ကားနောက်ခန်းထဲပစ်ထည့်နေတဲ့ Oh Sehunကို Chanyeolသနားသလို ကြည့်လိုက်သည်။

တက္ကသိုလ်​ရဲ့ လက်ရွေးစင်ရေကူးချန်ပီယံတစ်ယောက်ဖြစ်ရတာ သိပ်တော့လွယ်ပုံမပေါ်......။

ဒါပေမဲ့ Sehunရဲ့fangirl တွေက ပိုကိုပိုလွန်းကြတာပါ။ Chanyeol ကိုယ်တိုင်လည်း တက္ကသိုလ်​မှာ နာမည်ကြီးတဲ့ basketball ကစားသမားတစ်ယောက်ပါပဲ.....သူ့fanတွေက Sehunရဲ့ fanတွေလောက် အကဲမပိုကြပါဘူး.....။

အဲ့ဟာတွေကမှ ခပ်ကဲကဲပါဆို ဟိုကောင်က Playboyဆိုတော့ ပိုဆိုးပြီပေါ့....ဘာပြောကောင်းမလဲ.....။

"ဘာကြည့်နေတာလဲ.....ငါတော်တော်ချောတာတော့သိပါတယ်....ဒါပေမဲ့.....bffအချင်းချင်းကြီးတော့ မကောင်းပါဘူးကွာ....ပြီးတော့ မင်းရည်စားလေး သနားပါတယ်....."

သူ ကား မောင်းထွက်လာတည်းက စကားတစ်ခွန်းမှမပြောပဲ သူ့ကို ကြောင်ကြောင်ကြီး စိုက်ကြည့်နေတဲ့ Chanyeol ကို လှမ်းစလိုက်တော့ ချီးမွမ်းထောပနာပြုသံလေးတွေ ထွက်လာခဲ့သည်။

"သူတောင်းစား.....အပိုတွေပြောမနေနဲ့......
မနက်ဖြန် Baekတို့ ကျောင်းသွားမှာ ကျောင်းမှာ အကပြိုင်ပွဲရှိတာ...ငါ့Baekလေးကို....သွားအားပေးမလို့ လိုက်မှာလား........"

"မင်းရည်းစားကို သွားအားပေးတာ ငါကဘာလိုက်လုပ်နေရမှာလဲ......အဲ....
အဲ့ကျောင်းကကောင်လေးတွေ ကောင်မလေးတွေ ချောတယ်ဆိုရင်တော့ လိုက်မယ်......."

"ချောလား မချောလားကတော့ ငါ့Baekကလေး ကြည့်ရင် သိသာနေတာပဲကို...."

"အဲ့တာဆိုရင်တော့ မချောတာသေချာတယ်..."

"သေချင်းစိုး.........နေပါဦး........
မင့်လက်ရှိရည်စားနဲ့က ပြတ်သွားပြီလား....ဘယ်သူလဲ..... Yerimမလား"

The Spell Of Black Swan Where stories live. Discover now