[ Unicode ]
"ကိုကို ဂျယ်ဂျူသွားမို့ဆို"
သူဖုန်းဆက်ချော့ပြီး နောက်တစ်မနက်၌ ကျွန်တော့်ရင်ထဲကဒဏ်ရာကိုမေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ရသည်။
သူရဲ့ "စိတ်ပူနေပြီ"ဆိုတဲ့ စာလေးတစ်ကြောင်းနဲ့တင်.....။
"အွန်း...ဟုတ်တယ်"
ခြေထောက်ထိပ်လေးကိုသာအသုံးပြုရင်း ထိုင်နေတဲ့ဒန်းလေးကို အားယူလွှဲလိုက်ရင်း...
"သူငယ်ချင်းတွေနဲ့ သွားမှာလား"
"ဟုတ်တယ်...သူငယ်ချင်းတွေကြီးသွားကြမှာ"
"aww....ဘယ်နေ့သွားမှာလဲ"
"မနက်ဖြန်လေ"
"nae?မနက်ဖြန်?
ကျွန်တော်တောင်မသိရဘူး""အွန်း... Baekကိုမပြောမိတာ"
"aww"
ကိုကိုက ကျွန်တော့်ကိုအရေးလုပ်စရာမလိုဘူးလို့တွေးထာတာတွေ့မဟုတ်ပါဘူးနော်....။
"သွားခါနီးရင် ဖုန်းဆက်လိုက်ပါ့လား...
တွေ့မယ်လေနော်""Ok! ကိုယ်ဖုန်းဆက်လိုက်မယ်"
ကျွန်တော်နဲ့ သူနဲ့ကြားမှာတိတ်ဆိတ်မှုကကြီးစိုးလို့နေသည်။
ကျွန်တော်လိုချင်တာဒီလိုအခြေအနေမှမဟုတ်ပဲ။
သူများသမီးရည်းစားတွေလို တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ချစ်ကြောင်း မြတ်နိုးကြောင်းပြောကြ၊
တစ်ယောက်နဲ့တစ်ယောက်စနောက်ကြ၊
စိတ်ဆိုးစိတ်ကောက်ကြ၊
ပြီးရင်ပြန်ချော့ကြ၊
ရယ်မောစကားတွေပြောကြဖြင့်...။ဒါက ကျွန်တော်စိတ်ကူးထဲက သူနဲ့ကျွန်တော့်ရဲ့ ချစ်သူဆက်ဆံရေး။
လက်တွေ့နဲ့ကမိုးနဲ့မြေပမာကွာခြားလှစွာ။
ဖြစ်မလာနိုင်တဲ့အရာတွေကိုစိတ်ကူးရင်နေမိတာများလားလေ။
ဘာလို့ဖြစ်မလာနိုင်ရမှာလဲ?
ဖြစ်လာနိုင်ပါတယ်။အတွေးနဲ့တင် ရှက်ကာယောင်ယမ်းခေါင်းငုပ်လိုက်မိသည်။
"ဘာဖြစ်လို့လဲ"
သတိထားမိပုံပေါ်တဲ့သူ့ရဲ့အမေးစကားကြောင့်...
YOU ARE READING
Silent
Fanfiction[ Unicode ] "ကိုကို ကျနော်ကsilentလား?" အဲ့စကားကိုမေးမယ်ကြံတိုင်း နှုတ်ခမ်းစပ်မှာတင်ပျောက်ရှသွားရတာ အကြိမ်ကြိမ်...... သူပြန်ဖြေလာမယ့် "အဲ့လိုမဟုတ်ပါဘူး" ဆိုတဲ့ ခပ်ပေါ့ပေါ့အဖြေတစ်ခုကို ကြိုသိသည်မို့...... အဲ့မေးခွန်းလေးအစား မျက်ရည်တစ်စက်နဲ့သာ လဲလိုက်...