Part 4

19.2K 1.7K 37
                                    

[ Unicode ]

"SeHun ah~
ကို huh...
Yeol Hyungရော "

"aww.. Baek!
Hyungကအိမ်ထဲမှာ
သူ့သူငယ်ချင်းတွေနဲ့ ဂျယ်ဂျူသွားဖို့တိုင်ပင်နေတယ်"

"သူငယ်ချင်းတွေနဲ့???"

"အွန်း​လေ"

"သူငယ်ချင်းဆိုတော့
မိန်းကလေးတွေရောပေါ့?"

ကျွန်​တော့် အမေးကို SeHunကရယ်ကျဲကျဲဖြင့်.....။

"ပါတာပေါ့ သူငယ်ချင်းတွေအကုန်ပါဆို"

ကျွန်​တော်မပါစေချင်တာ
တစ်ဦးတစ်ယောက်သာ...။

"ဟို...Nabiဆိုတဲ့တစ်ယောက်...."

"Nabi Noonaလား?
အွန်း... သူလည်းပါတယ် ထင်တယ်
အိမ်ထဲမှာ...."

စိုးရိမ်တယ် ကိုကို...။

"aww.... Hyung!"

အိမ်ထဲကထွက်လာကြတဲ့
ကိုကိုနဲ့သူ့သူငယ်ချင်း၃ယောက်။

Nabiဆိုတာ?
နာမည်နဲ့လိုက်အောင် သိပ်လှလွန်းသည်။
ယောကျာ်းလေးတွေထဲမှာမှ
ယုံကြည်မှုရှိရှိသူမပုံစံက ထက်မြတ်လွန်းသည့်အသွင်ရှိသည်။

ကိုကိုနဲ့ဘေးချင်းယှဉ်ရပ်နေသည်က
တကယ့်ကိုလိုက်ဖက်လွန်းတဲ့စုံတွဲလိုမျိုး...။

"အာ... SeHunသူငယ်ချင်း​ရောက်​နေတာလား"

အသားညိုညိုနဲ့ကောင်လေးက
ကျွန်​တော့်ကို မေးထိုးကာ လှမ်းမေးသည်။

ကျွန်​တော် ကိုကို့ကိုလှမ်းကြည့်မိသည်။
သူဘယ်လိုပြန်ဖြေမှာလဲ?

အထူးသဖြင့်......
သူငယ်ချင်းလိုနေဖို့ဆုံးဖြတ်ထားတဲ့
ရည်းစားဟောင်းရှေ့မှာ...။

"အွန်း.... သူက BaekHyunတဲ့လေ
ရှေ့အိမ်က
SeHunသူငယ်ချင်း"

မဆိုင်းမတွပဲပြန်ဖြေလာတဲ့ကိုကို...။

ဒီလောက်ပဲလား?
ကျွန်​တော်နဲ့ကိုကိုနဲ့ ကြားကဆက်ဆံရေးက
SeHunရဲ့သူငယ်ချင်းထိပဲလား?

ကျွန်​တော့်ကို ကိုကိုက Silent တွဲဖို့များတွေးထားတာလားဟင်...။

မေးလိုက်ချင်သည်။
ပေါက်ကွဲလိုက်ချင်သည်။
ဒါပေမဲ့ ကျွန်​​​တော့်စကားသံတွေက
လုံးဝထွက်မလာနိုင်ဘူးဖြစ်နေသည်။

SilentWhere stories live. Discover now