Part 1.2

24.8K 1.9K 13
                                    

[ Unicode ]

"BaekHyun.....ဒါChanYeol Hyungလေ
Hyung....ဒါBaekHyunတဲ့ ကျွန်​တော်တို့သုံးယောက်မှာ သူကခေါင်းဆောင်.."

"aww"

'Aww´ တစ်ခွန်းသာပြောလိုက်ပေမဲ့ အဲ့အသံက ကျွန်​​တော့်နားထဲပဲ့တင်သံလို...။

"ya!!ဘာခေါင်းဆောင်လဲ"

NaNaကဝင်မေးလိုက်တော့....

"ငါတို့၃ယောက်ထဲမှာ သူကအပေါဆုံးလေ အဲ့တော့ ငပေါခေါင်းဆောင်ပေါ့ haha...."

ဒါသက်သက် အရှက်ခွဲတာပင်။
ChanYeol Hyungရှေ့မှာမှ...
အလိုက်ကန်းဆိုးမသိတဲ့ NaNaကလည်း ရယ်နေလိုက်​သေးသည်။
တော်တော်သဘောခွေ့နေကြတယ်ပေါ့။

"Ya!!!! ဟိုလဒနှစ်ကောင် ပြန်လာခဲ့စမ်း...ya!!ပြန်လာခဲ့ဆို"

ထွက်ပြေးနေတဲ့ ချစ်လှစွာသောသူငယ်ချင်းနှစ်ယောက်အား ပါးစပ်ကလည်းအော်ပြီး လိုက်ဖမ်းရတော့သည်။
မိလို့ကတော့ အရေခွံဆုတ်ပစ်မှာ ကြည့်​နေ။

"မိပြီ....BamWoo...မင်းဘာတက်နိုင်သေးလဲပြော...ဟမ်...ကြောက်ပါပြီပြောမှလွှတ်ပေးမှာနော်....ဟိုNaNaမ နင်လည်းလာခဲ့....လာစမ်းပါဆို..."

ကျွန်​တော်တို့ သုံးယောက်ကအရပ်အမောင်းတူတဲ့သူတွေမို့
BamWooရဲ့ဂုတ်ကအကျီ ၤစကိုလှမ်းဆွဲရင်း
ခပ်လှမ်းလှမ်းက ကျွန်​​တော့်ကိုပြောင်ပြနေတဲ့ NaNaကိုပါ ရန်တွေ့လိုက်သည်။

"​ဟေ့​ကောင်!
လွတ်စမ်းပါ ဟိုမှာChanYeol Hyung
NaNaကိုကြည့်နေတယ်"

BamWooကခပ်တိုးတိုးပြောမှ ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ ChanYeol Hyungကိုကြည့်လိုက်မိသည်။

တကယ်ပင် ChanYeol Hyungက NaNaကိုကြည့်ရင်းပြုံး​နေသည်။
သူပြုံးနေရင် အရမ်းကြည့်လို့ကောင်းတာပဲ။

တွေးလို့မှမဆုံး....ChanYeol Hyungကကျွန်​​တော်တို့ဘက်ကိုကြည့်ကာ ပြုံးပြလာသည်။

"hk" ခနဲရယ်လိုက်သလားလို့...။

ကျွန်​​တော်တို့ပုံစံကိုကြည့်ရင်း ကလေးတွေစနောက်ရန်ဖြစ်တာကို သဘောတကျကြည့်ရင်း ရယ်မိတဲ့ လူကြီးတစ်ယောက်လိုပင်။

                     ~~~~Silent~~~~

"Hyung gameတွေသိပ်မဆော့နဲ့ မျက်မှန်တပ်ရမယ်"

SilentWhere stories live. Discover now