""Luv u, ညီ""

""me too""

""good night,have a sound sleep""

ညီ့အသံတိုးတိုးထဲတွင် စိုးရိမ်နေသံကပမာဏ
များစွာ

""လက်တွေ ကျဉ်လိမ့်မယ်""

""ရော် အိပ်ပါဆိုညီရယ်~~ကိုဖက်ထားချင်လို့ပါ"

ဒီအခိုက်အတန့်အား ဒီထက်ပိုလှအောင် ကို ဖန်တီးချင်တယ်

💝ညီ💝

ပုံမှန်ထက်စောစီးစွာနိုးထလာသော ထိုမနက်ခင်း
တွင် ကျတော့်လက်မောင်းတစ်ဖက်ပေါ်တွင်
ခေါင်းတင်မှေးစက်နေသော ညီ။

မျက်တောင်စိပ်စိပ်တွေအား အနမ်းပေးသင့်တိုင်
ညီ မနိုးသေး။

""ညီ~~""

အအိပ်ဆက်လှသောညီသည် ခုခါတွင်တော့
ငြိမ်သက်လွန်းမက ငြိမ်သက်စွာ---

""ညီ!!ညီ!!""

ပါးပြင်နှစ်ဖက်ကိုလှုပ်နှိုးကြည့်သည်။တုံ့ပြန်မှုနထ္တိ။
သွေးရူးတန်းရူးနဲ့ကောက်ပွေ့သည့်တိုင်ကျတာ့်
လက်တွေထဲ ပျော့ခွေစွာပါလာသည်။

""case in Room02!!""

Male Nurse ၏အလန့်တကြားအော်သံ
နောက်--ခြေသံပေါင်းများစွာ
ညီ့အား ထွေးပွေ့ထားသော ကျတော့်လက်တွေကို
ဆွဲဖြုတ်ချသည်။
ညီကုတင်ပေါ်မှ ကျတော့်အားဆွဲထုတ်ကြ၏။
Nurseကြီးက အခန်းအပြင်ကိုဖြောင်းဖြပြောဆို
ကာ တွန်းထုတ်သည်။
ညီ့ဘေးနား လူတွေ၊စက်တွေ၊သွေးအိတ်တွေ။လက်ဖမိုးထဲအသစ်ထိုးထည့်နေသော ပိုက်တန်း
တွေ။ကြယ်သီးတွေပင်ဖြုတ်မနေပဲ
ဆေးရုံဝတ်စုံအားဆွဲဖြဲခံလိုက်ရ၍အပေါ်ပိုင်းဗလာ
ဖြစ်နေသော ညီကိုယ်ပေါ်တွင်ကြိုးတန်းပေါင်းများ
စွာ~~~

ရင်တွေနာသည်။ညီ့ ကို အဆုံးရှုံးမခံနိုင်ဘူး။ဆုံးရှုံး
လိုက်ရရင်ဟူသော အတွေးနဲ့တင် ကျတော့်စိတ်
တွေဂယောင်ဂယက် ခြေထောက်တွေဆိုတာမတ်
မတ်မရပ်နိုင်တော့---

မေပြုံးကိုဘယ်သူဆက်သွယ်လိုက်လည်းမသိ
ပြေးပြေးလွှားလွှားရောက်လာပေမယ့် အမေသည်
ပင် ဝင်ခံမရတော့--
သားပမိနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်
တင်းတင်းဖက်ရင်း ညီ့အတွက် ဆုတောင်းပေးရုံ
မှအပ ဘာမှမတတ်နိုင်

ညီWhere stories live. Discover now